close

ကေအိုင်အိုထိန်းချုပ်နယ်မြေ

close

April 23, 2022

ကေအိုင်အိုထိန်းချုပ်နယ်မြေ ကျောင်းများ၌ ၁၀ တန်းဖြေသူ ယခင်နှစ်ထက် ပိုများလာ

ကချင်ပြည်နယ် ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ အထက်တန်းကျောင်းတွေမှာ ဆယ်တန်းဖြေဆိုတဲ့ ကျောင်းသားကျောင်းသူ အရေအတွက် ပြီးခဲ့တဲ့နှစ်ထက် တဆကျော်များပြားလာတယ်လို့ ကေအိုင်အို ပညာရေးရုံးကနေ သိရပါတယ်။

ကေအိုင်အို ထိန်းချုပ်နယ်မြေမှာရှိတဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်က တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုတဲ့ ကျောင်းသားကျောင်းသူ အရေအတွက်ဟာ ၈၀၀ ကျော်သာရှိခဲ့ ပြီး အခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာတော့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၂၁၉၂ ယောက်ဖြေဆိုတာ တဆကျော်ပိုများလာတယ်လို့ ကေအိုင်ဝပညာရေးရုံးရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ကေအိုင်အို ထိန်ချုပ်နယ်မြေအတွင်းက အခြေခံပညာ အထက်တန်းကျောင်း ၉ ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေဟာ ဧပြီ ၂၁ ရက်နေ့က စတင်ကာ ဧပြီ ၂၈ ရက်နေ့အထိ စာမေးပွဲဖြေဆိုနေကြတာလို့ ဆိုပါတယ်။

ကျောင်းသားကျောင်းသူ အသစ်တွေကို ပြီးခဲ့တဲ့နှစ်ကလို မေလ ၂၅ ရက်နေ့မှာ စတင်လက်ခံကာ ဇွန် ၁ ရက်နေ့ စတင်ဖွင့်လှစ်မှာဖြစ်ပေမယ့် ကိုဗစ်ရောဂါအခြေနေကို စောင့်ကြည့်ပြီးမှ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

59 seconds Ago
Up