close

ကေအိုင်အေနှင့် SPDF

close

June 5, 2021

ကေအိုင်အေနှင့် SPDFတို့ ပေါင်းပြီး ရွှေကူမြို့မရဲစခန်းကို တိုက်ခိုက်

ကချင်ပြည်နယ်ရှိ၊ ရွှေကူမြို့မရဲစခန်းကို ဇွန် ၄ ရက် ည ၈ နာရီလောက်က  ကေအိုင်အေရင်း ၁၂ နဲ့ ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(SPDF)တို့  ပူးပေါင်းအဖွဲ့ဟာ စခန်းအနီး နေရာ ၃ ခုလောက်ကနေ တစ်ချိန်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ 

 စခန်းတွင်းကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စခန်းအနီးဝန်းကျင်က ပြည်သူတချို့ ထွက်ပြေး တိမ်းရှောင်နေရပြီး ရဲစခန်းအနီး နေအိမ်တချို့ လက်နက်ကြီး ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုအပြီး  ၁၀ မိနစ်‌လောက်အကြာမှာ ကေအိုင်အေနဲ့ ပူးပေါင်းအဖွဲ့တွေ ဆုတ်ခွာရာ လမ်းကြောင်းကို ရွှေကူအခြေစိုက် ခမရ  ၆၀၂ နဲ့ ခလရ ၅၆ တို့က လက်နက်ကြီးနဲ့  ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွှေကူနယ်မြေအတွင်းမှာရှိတဲ့ ကျောက်ကြီးနဲ့ မြို့လှနယ်မြေရဲကင်းစခန်းတို့ကို မကြာသေးခင်က ကေအိုင်အေတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့  ရဲတွေ မနေကြတော့ဘဲ ရွှေကူမြို့မရဲစခန်းမှာ လာရောက်ပူးပေါင်းနေကြတာ ဖြစ်ပါတယ်။

မနေ့ညက စီးနင်းတိုက်ခိုက်မှုမှာ ကေအိုအေက ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SPDF)နဲ့ ပထမဆုံး ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ လတ်တလော အတည်ပြုလို့ မရနိုင်သေးပါဘူး။

3 mins Ago
Up