ယူကရိန်း၊ ရုရှားနဲ့ တူရကီ စစ်ဘက်ကိုယ်စားလှယ်တွေဟာ တူရကီမြို့တော် အစ္စတန်ဘူလ်မှာ ကုလသမဂ္ဂ အရာရှိတွေနဲ့ ဇူလိုင် ၁၃ ရက်မှာ တွေ့ဆုံပြီး ယူကရိန်း ကောက်ပဲသီးနှံများ ပြည်ပတင်ပို့နိုင်ရေး ဆွေးနွေးဖို့ရှိပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အကျပ်အတည်းက အခြေအနေ ပိုဆိုးလာနေလို့ အဓိက ပင်လယ်နက်ဆိပ်ကမ်း ဩဒက်ဆာကနေ ယူကရိန်း ကောက်ပဲသီးနှံတွေ ဘေးကင်းကင်း ပြည်ပတင်ပို့ရေး ပြန်စဖို့ သဘောတူညီချက် ဖြစ်နိုင်ချေအတွက် ဆွေးနွေးကြမှာပါ။
အစည်းအဝေး ကျင်းပမယ့်အကြောင်း တူရကီ ကာကွယ်ရေးဝန်ကြီး ဟူလူစီ အက်ခါက ဇူလိုင် ၁၂ ရက်မှာ ကြေညာခဲ့ပါတယ်။
တူရကီအစိုးရဟာ သဘောတူညီချက်ရရေး ဖျန်ဖြေပေးဖို့ ကုလသမဂ္ဂနဲ့အတူ လက်တွဲ ဆောင်ရွက်နေခဲ့တာပါ။
ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်အပြီး ကောက်ပဲသီးနှံ၊ ဟင်းချက်ဆီ၊ လောင်စာနဲ့ ဓာတ်မြေဩဇာတွေအတွက် တကမ္ဘာလုံးမှာ စျေးတက်ခဲ့ပါတယ်။