စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ရွှေဘို - မြစ်ကြီးနားလမ်းမပေါ်မှာ တရားမဝင်သစ်တွေ တင်လာတဲ့ ၁၂ ဘီးယာဉ်တစ်စီးကို အောက်တိုဘာ ၂၅ ရက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KLPDF က အောက်တိုဘာ ၂၇ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၅ ရက်က တရားမဝင်သစ်တွေတင်ဆောင်လာတဲ့ ကားကို မီးရှို့ခဲ့ပြီး ကားသမား ကိုတော့ လွတ်ပေးခဲ့ကာ နောက်နောင် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေမယ့် လုပ်ရပ်တွေကို KLPDF က ပြင်းထန်စွာ အရေးယူတားဆီးသွားမယ်လို့ ဆိုပါတယ်။
အခုလုပ်ရပ်ကို စံပြအဖြစ်သတ်မှတ်ကာ တရားမဝင်လုပ်ငန်းတွေကို ဖမ်းဆီးကာ ပြင်းပြင်ထန်ထန် အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ ထုတ်ကုန် ဘီယာတွေ တင်ဆောင်လာတဲ့ တွဲကား ၃ စီးကိုလည်း ကောလင်းပြည်သူ့ကာကွယ်ရေးတပ် (KLPDF) က ဖမ်းဆီးကာ ဖျက်ဆီး ခဲ့ပါတယ်။
ဓါတ်ပုံ- Kawlin People Defence Force - KLPDF
ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ ၁၂ ဘီးကား ၃ စီးပေါ်က အကြမ်းဖက် စစ်ကောင်စီလုပ်ငန်းစုပိုင် Myanmar Beer နဲ့ Dogon Beer တွေကို ဖျက်ဆီးလိုက်ကြောင်း KDPF က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့က ရွှေဘို မြစ်ကြီးနားလမ်းပိုင်းမှာ ၁၂ ဘီးတွဲ ကားသုံးစီးအား စစ်ဆေးရာ စကစလုပ်ငန်းစုပိုင် Myanmar beer၊ Dagon beer Adman Gold Beer တွေအပြည့်တင်လာတာကို စစ်ဆေးတွေ့ရှိတာကြောင့် ကောလင်း PDF နဲ့ ဒေသခံ PDF တို့ ပူးပေါင်းပြီး စကစ ဖျက်စီးခဲ့တာလို့ ဖော်ပြထားပါတယ်။
ဘီယာတွေ တင်ဆောင်လာတဲ့ ကားသမားတွေနဲ့ ကားတွေကိုတော့ ထိခိုက်မှုမရှိစေဘဲ လွှတ်ပေးခဲ့ပြီး နောက်ထပ်လည်း စစ်ကောင်စီလုပ်ငန်းစုပိုင်ထုတ်ကုန်တွေကို အလျဥ်းသင့်သလို ဖျက်ဆီးသွားမယ်လို့ ဆိုပါတယ်။
Kawlin People Defence Force