close

ကောလိပ်ဂျင်နေဝင်း

close

March 27, 2022

ကောလိပ်ဂျင်နေဝင်း၊ ဝင်းဦး အပါအဝင် အနုပညာရှင်များကို အကြမ်းဖက် စစ်ခေါင်းဆောင် ဆုချီးမြှင့်

ကွယ်လွန်သွားတဲ့ အနုပညာရှင်များတွေ ဖြစ်တဲ့ ဗိုလ်ကလေးတင့်အောင်၊ ဂီတလုလင် မောင်ကိုကို၊  ကောလိပ်ဂျင်နေဝင်း၊ ဝင်းဦး၊ ညွန့်ဝင်း တို့ကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အလင်္ကာကျော်စွာဘွဲ့တွေ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

မတ်လ ၂၇ ရက် နေ့ ကျရောက်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေကို ဘွဲ့တံဆိပ်တွေပေးအပ်ရာမှာ အနုပညာရှင် ၂၅ ယောက်ကို  အလင်္ကာကျော်စွာဘွဲ့တွေ ပေးအပ်ချီးမြှင့်လိုက်တာပါ။

စစ်ခေါင်းဆောင်ရဲ့ အလင်္ကာကျော်စွာဘွဲ့ပေးအပ်ခံရတဲ့ အနုပညာရှင်တွေထဲမှာ ဒါရိုက်တာ ဦးကြည်စိုးထွန်း၊ စာရေးဆရာ လေးမြိုင်၊ ဒေါက်တာသော်ကောင်း၊ မောင်ခင်မင်-ဓနုဖြူ၊ ကိုလေး- အင်းဝဂုဏ်ရည်၊ လယ်တွင်းသားစောချစ်၊ တက္ကသိုလ်မြတ်သူ၊ တက္ကသိုလ် မြတ်စိုး၊ တက္ကသိုလ်တင်ခ၊ မောင်ပေါ်ထွန်း၊ မောင်သာနိုး၊ သိန်းသန်းထွန်း၊ ဖိုးကျော့၊ ထွန်းရီ- ရှေးဟောင်းသုတေသီ၊ တင်မောင်မြင့်၊ မစန္ဒာ ထွန်းအောင်ချိန်၊ မောင်မောင်လတ် (နောင်) စသူတွေပါဝင်ပါတယ်။ 

လူမှုထူးချွန်တံဆိပ် ( ဒုတိယအဆင့်) ချီးမြှင့်ခံရသူတွေထဲမှာတော့ ဒါရိုက်တာ မောင်ဝဏ္ဏ၊ မြင့်မြင့်ခင် ၊ ရဲအောင်၊ ဇော်လင်း၊ ကျော်ရဲအောင်၊ မြတ်ကေသီအောင်၊ မေသဥ္စာဦး၊ စိန်မွတ်တား၊ ခိုင်သင်းကြည်၊ စန္ဒရားတင်ဝင်းလှိုင်၊ ကြည်မင်းသိန်းတို့ ပါဝင်ပါတယ်။

လူမှုထူးချွန်တံဆိပ် (တတိယအဆင့်) ချီးမြှင့်ခံရသူတွေထဲမှာတော့ ခန့်စည်သူ၊ ဖိုးသောကြာ၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ ယဉ်လတ်၊ ယုန်လေး၊ ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်) တို့ပါဝင်ပါတယ်။

1 min Ago
Up