close

ကောလိပ်

close

January 6, 2022

တက္ကသိုလ်နှင့် ကောလိပ်များ ပြန်ဖွင့်

ဥပဒေနဲ့ ပညာရေးအပါအဝင် တက္ကသိုလ်နဲ့ ကောလိပ်အသီးသီးက ဘွဲ့သင်တန်းတချို့ကို  ဇန်နဝါရီ ၆ ရက် ဒီကနေ့ ပြန်ဖွင့်တော့မယ်လို့ စစ်ကောင်စီလက်အောက်ခံ အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာပါတယ်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ ၂၀၁၉-၂၀ နဲ့ ၂၀၂၁-၂၂ ပညာသင်နှစ်တွေအတွက် စတုတ္ထနှစ် ဥပဒေနဲ့ ပညာရေး ဒုတိယနှစ်ဝက်သင်တန်းတွေကို ပြန်ဖွင့်မှာ ဖြစ်ပါတယ်။

ပြီးတော့ ဂုဏ်ထူးတန်း တတိယနှစ်နဲ့  မဟာအရည်အချင်းစစ်သင်တန်း ပထနှစ်ဝက်တွေ၊ မဟာဘွဲ့ ပထမနှစ်နဲ့ ဒုတိယနှစ်အတွက် ပထမနှစ်ဝက်သင်တန်းတွေကိုလည်း ပြန်ဖွင့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနရဲ့ နည်းပညာတက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်၊ ကောလိပ်နဲ့ သိပ္ပံသင်တန်းတွေကိုလည်း ဒီနေ့ ဖွင့်တော့မယ်လို့ ကြေညာထားပါတယ်။

ဒီထဲမှာ လေကြောင်းနဲ့ အာသာသပညာတက္ကသိုလ်၊ သတင်းအချက်အလက် နည်ပညာတက္ကသိုလ်တို့မှာတော့ ပထမနှစ်ကနေစလို့ ဖွင့်မှာဖြစ်ပြီး တခြားတက္ကသိုလ်တွေမှာတော့ တတိယနှစ်ကမှ စဖွင့်တာပါ။ AGTI တွေကိုတော့ ပထမနှစ်နဲ့ ဒုတိယနှစ်တို့အတွက် ဖွင့်မယ်လို့ ဆိုထားပါတယ်။

သစ်တောနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှာတော့ သစ်တောပညာ ပထမနှစ်ကနေ စတုတ္ထနှစ်အထိကို ပြန်ဖွင့်မယ်လို့ ဆိုပါတယ်။

မွေးမြူရေးဆိုင်ရာ ဆေးက္ကသိုလ်မှာတော့ တိရစ္ဆာန်ဆေးပညာ ပဉ္စမနှစ်နဲ့ မွေးမြူရေးပညာ တတိယနှစ်တို့တက်ရောက်ရမှာဖြစ်ပြီး သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနလက်အောက်က သမဝါယမနဲ့ စီမံခန့်ခွဲမှုပညာတက္ကသိုလ်မှာတော့ တတိယနှစ်နဲ့ မဟာတန်းတို့ကို ဒီနေ့ ဖွင့်မယ်လို့ ကြေညာပါတယ်။

10 mins Ago

February 22, 2021

၂ ငါးလုံး အထွေထွေသပိတ်တွင် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံဆရာများနှင့် ဝန်ထမ်းများပါဝင်

ဒီကနေ့ ရန်ကုန်မှာ ပြုလုပ်တဲ့  ၂ ငါးလုံး အထွေထွေသပိတ်တိုက်ပွဲမှာ  တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံက CDM မှာပါဝင်နေတဲ့ ဆရာ/ဆရာမတွေ နဲ့ ဝန်ထမ်းတွေ စုပေါင်းပြီး အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

CDM မှာ ပါဝင်နေတဲ့ ပညာရေးဝန်ထမ်းတွေဟာ ပြည်သူ့ရင်ပြင်ရှေ့ကနေ ရုရှားသံရုံးရှေ့ကို ကြွေးကြော်သံမပါဝင်ဘဲ ငြိမ်းချမ်းစွာနဲ့ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ရုရှားသံရုံးရှေ့ အဝင်လမ်းကို ရဲတပ်ဖွဲ့ကနေ အတားအဆီးတွေနဲ့ တားဆီးပိတ်ဆို့ ကာရံထားတဲ့အတွက် ဆရာဆရာမတွေဟာ အဲဒီအကာအရံတွေရှေ့မှာပဲ တိတ်ဆိတ်စွာနဲ့ နာရီဝက်ကြာ ထိုင်သပိတ် ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီကနေတဆင့် မြေနီကုန်းလမ်းဆုံကို ပြန်လည် ချီတက်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်မှုမှာတော့ တက္ကသိုလ် ကောလိပ်ပေါင်းစုံက ဆရာ/ဆရာမနဲ့ ဝန်ထမ်းအင်အား ၄၀၀ ကျော် ပါဝင်ခဲ့ပါတယ်။

11 months Ago
Up