close

ကော့ကရိတ်မြို့နယ် ဆန္ဒပြပွဲ

close

January 12, 2022

ကော့ကရိတ်မြို့နယ်၌ ဓာတ်ငွေ့တင်ကား ၁ စီး ပစ်ခတ်ခံရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီးမှာ  Argon Gas ဓာတ်ငွေ့အရည်တင်ဆောင်လာတဲ့ ဘောက်ဆာကားတစီး ဇန်နဝါရီ ၁၁ ရက် ညနေက  အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ပစ်ခတ်ခံရပြီး လေကာမှန်နဲ့ ကားဘီး ထိခိုက်ပျက်စီးသွားပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ ကုန်သွယ်ရေးဇုန်ကနေ  အာရှလမ်းမကြီးအတိုင်းမောင်းနှင်လာတဲ့ ဂတ်စ်ဘောက်ဆာကားဟာ ကော့ကရိတ်မြို့နယ်၊ တတန်ကူးကျေးရွာ ၅ တန် တံတားအနီးမှာ  မနေ့ ညနေ ၃ နာရီ  ၁၅ မိနှစ်လောက်က   ၇၉ မမ  လက်နက်နဲ့ ပစ်ခတ်ခံရတာဖြစ်ပါတယ်။

ဂတ်စ်တင်ဘောက်ဆာကားနဲ့အတူ မော်တော်ယာဉ် ၄ စီးမောင်းနှင်လာစဉ်   တစီးပစ်ခတ်ခံရလို့  နေရာမှာရပ်တန့်သွားပြီး ကျန်တဲ့ ကား ၃ စီး ကတော့ ခရီးဆက်သွားကြပါတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီအတွက်ထောက်ပံ့ပေးဖို့ လေယာဉ်ဆီတွေ တင်လာလို့ ယူဆပြီး  လက်နက်ကိုင်တွေက ပစ်ခတ်ခဲ့တာဖြစ်နိုင်ကြောင်းလည်း ဒေသခံက ပြောပါတယ်။

စစ်ကောင်စီပြန်ကြားရေးကတော့  အဆိုပါ မော်တော်ယာဉ်ဟာ  မန္တလေးမြို့သို့ ဓာတ်ငွေ့ပို့မယ့် ယာဉ်ဖြစ်ပြီး PDF တွေက လက်နက်ငယ်နဲ့  အကြောင်းမဲ့ ပစ်ခတ်ခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။ 

ဇန်နဝါရီလအတွင်း ဂက်စ်နဲ့ အောက်ဆီဂျင်တင်ကားတွေ မြဝတီနဲ့ ကော့ကရိတ်မြို့ကြား အာရှလမ်းမကြီးပေါ်မှာ ၃ ကြိမ်အထိ ပစ်ခတ်ခံရတာကြောင့် တစ်စီး မီးလောင်ခဲ့ပြီး ကျပ်သိန်း ၂၀၀၀ ဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အခုလို မကြာခဏ ပစ်ခတ်ခံနေရတာကြောင့် လက်ရှိမှာတော့ အာရှလမ်းမကြီးပေါ်မှာ ဂက်စ်၊ အောက်ဆီဂျင်တင်ကားတွေအပြင် လေယာဉ်ဆီတင်ကားတွေလည်း အသွားအလာ နည်းပါးနေ ပါတယ်။

4 mins Ago

February 16, 2021

ကော့ကရိတ်မြို့နယ် ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ပိတ်ဆို့တားဆီး

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က လူသောင်းကျော်ပါဝင်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ရဲတွေက ပိတ်ဆို့တားဆီးခဲ့ပါတယ်။

ဆန္ဒပြသူတွေ နှစ်သစ်ကူးကွင်းကနေ ထွက်ခွာလာတုန်း ချောင်းတောင်ရပ် အထက လမ်းထောင့်မှာ ပိတ်ဆို့ခံရလို့ ရှောင်ထွက်ခဲ့ပေမယ့် ရဲတပ်ဖွဲ့က ချောင်းဦးစေတီလမ်းမှာ ထပ်မံပိတ်ဆို့ခံတာကြောင့် ချောင်းတောင်လမ်းအတိုင်း နှစ်သစ်ကူးကွင်းဆီကို ပြန်လည်ထွက်ခွာခဲ့ပါတယ်။

ဒီနေ့ ဆန္ဒပြပွဲမှာ ကျန်းမာရေးနဲ့ ပညာရေးဌာနဝန်ထမ်းတွေ၊ တခြားဌာနဆိုင်ရာဝန်ထမ်းတွေ လည်းပါဝင်ပြီး လျှပ်စစ်နဲ့ စွမ်းအင်ဌာနကတော့ CDM မှာ ပါဝင်ပြီး ရုံးပိတ်ထားပြီလို့ သိရပါတယ်။

11 months Ago
Up