close

ကော်ဖီစိုက်ခင်း

close

July 27, 2021

ဘရာဇီးတွင် နှင်းခါးရိုက်ခတ်မှုကြောင့် ကော်ဖီစိုက်ခင်း ဧက သိန်းချီပျက်စီးပြီး ကော်ဖီဈေးတက်

ထိပ်တန်း ကော်ဖီထုတ်လုပ်သူ ဘရာဇီးနိုင်ငံမှာ ကောက်ပဲသီးနှံတွေကို ခြိမ်းခြောက်နေတဲ့ နှင်းခါးတွေကို ဒုတိယမြောက် သီတင်းပတ်အထိ ရင်ဆိုင်နေရပြီး အာရေဗစ်ကာ ကော်ဖီဈေးနှုန်းဟာ ဇူလိုင် ၂၆ ရက်မှာ ပြီးခဲ့တဲ့ ၆ နှစ်ခွဲကာလအတွင်း အမြင့်ဆုံး ဈေးအထိ ထိုးတက်သွားပါတယ်။

မကြုံစဖူး အားကောင်းတဲ့ နှင်းခါးတွေ ဘရာဇီးနိုင်ငံရဲ့ စိုက်ပျိုးရေးဒေသကို အရင်အပတ်က ရိုက်ခတ်ခဲ့လို့ အာရေဗစ်ကာ ကော်ဖီစိုက်ခင်း ဧက ၅ သိန်းနီးပါး ထိခိုက်ခဲ့ပါတယ်။

ဒါဟာ ကမ္ဘာ့အကြီးဆုံး ကော်ဖီထုတ်လုပ်သူ ဘရာဇီးရဲ့ စိုက်ခင်းစုစုပေါင်း ဧရိယာရဲ့ ၁၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။

အစိုးရ စားနပ်ရိက္ခာဖြန့်ဖြူးရေးဌာန ကိုနာ့ဘ်ရဲ့ ကနဦး ခန့်မှန်းချက်အရ စိုက်ပျိုးမြေ ဟက်တာ ၁ သိန်းခွဲကနေ ၂ သိန်းအထိ  ပျက်စီးနိုင်တယ်လို့ ဆိုပါတယ်။

အာရေဗစ်ကာကော်ဖီရဲ့ အနာဂတ်ဈေးနှုန်းဟာ ဇွန်လကုန်ပိုင်းမှာ ၃၅ ရာခိုင်နှုန်း ထိုးတက်ခဲ့ပြီး လာမယ့်သီတင်းပတ်တွေမှာ အဓိက ကော်ဖီကုန်အမှတ်တံဆိပ်တွေ ဈေးတက်မယ်ဆိုတဲ့ မျှော်မှန်းချက်တွေ  ပိုတိုးလာနေပါတယ်။

ဘရာဇီးဟာ ကမ္ဘာ့ကော်ဖီကုန်သွယ်ရေးရဲ့ ၄၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေတယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။

2 mins Ago

November 23, 2020

ကိုလံဘီယာ ကော်ဖီစိုက်ခင်းတခုတွင် ပစ်ခတ်ခံရသဖြင့် ၈ ဦး သေဆုံး

ကိုလံဘီယာနိုင်ငံ အလယ်ပိုင်း အန်တီယိုကွေယာခရိုင် ဘေတာနီယာ စည်ပင်ဒေသ ကော်ဖီစိုက်ခင်းထဲမှာ နိုဝင်ဘာ ၂၁ ရက်က လူ ၁၄ ယောက် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ၈ ယောက် သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ တိုက်ခိုက်သူတွေရဲ့ အခုလို အစုလိုက် အပြုံလိုက် လူသတ်မှုဟာ မူးယစ်မှောင်ခိုမှုနဲ့ ပတ်သက်နေတယ်လို့ ဆိုပါတယ်။  ကိုလံဘီယာနိုင်ငံအတွင်း မူးယစ်မှောင်ခိုမှုတွေမှာ ပဋိပက္ခတွေ ဖြစ်နေလို့ မနှစ်က အစုလိုက် အပြုံလိုက် လူသတ်မှုတွေ တိုးလာခဲ့ပါတယ်။ သီးခြားဖြစ်ရပ်တခုမှာ ကောင်ကာခရိုင် အာဂျီလီယာမြို့ထဲမှာလည်း လူသတ်မှုကြောင့် ၄ ယောက် သေဆုံးတယ်လို့ အာဏာပိုင်တွေက နိုဝင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။  ကိုလံဘီယာဟာ ကမ္ဘာ့ကိုကင်း အဓိက ထုတ်လုပ်တဲ့ နိုင်ငံပါ။ မူးယစ်ကုန်ကူးမှုဟာ ကိုလံဘီယာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေရဲ့ အကြောင်းရင်းလို့ အာဏာပိုင်တွေက ပြောပါတယ်။  နှစ်ငါးဆယ်ကျော် ပြည်တွင်းပဋိပက္ခတွေအတွင်း လူ ၂၆၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး သန်းချီတဲ့ လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
8 months Ago
Up