အမေရိကန်ပြည်ထောင်စု ကော်ရိုရာဒိုပြည်နယ် ဒန်ဗာမြို့အနီးမှာ ဒီဇင်ဘာ ၃၀ ရက်က လေပြင်းတိုက်ပြီး တောမီး အကြီးအကျယ် လောင်ခဲ့တာကြောင့် နာရီပိုင်းအတွင်း ဧက ၁၆၀၀ လောက် အိမ်ခြေ ၅၀၀ ကျော် ကူးစက်လောင်ကျွမ်းသွားခဲ့ပါတယ်။
လူ ၆ ဦး ဒဏ်ရာရပြီး ဒန်ဗာမြို့တော်အနီး Rockies တောင်ရဲ့အရှေ့ဘက် မြို့နှစ်မြို့က ဒေသခံ လူသောင်းကျော်ကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အဲဒီ မိုးခေါင်ရေရှားဒေသမှာ တိုက်ခတ်တဲ့လေပြင်းကြောင့် လျှပ်စစ်ဓာတ်အားလိုင်းတွေ ပျက်ကျပြီး ထရန်စဖော်မာတွေ လောင်ကျွမ်းခဲ့ပါတယ်။
မီးစမီးပွားတွေကနေ တောမီး အလျင်အမြန် စလောင်ခဲ့တာလို့ ပြည်နယ်ရဲအရာရှိ ဂျိုးပဲ့လီ (Joe Pelle) က ပြောပါတယ်။
မီးတောက်တွေက ဘောလုံးကွင်းတခုလုံးကိုလည်း လောင်ကျွမ်းခဲ့ပြီး ပြည်နယ်တခုလုံး အရေးပေါ်အခြေအနေ ကြေညာထားတယ်လို့ ပြောပါတယ်။