close

ကော်လိုရာဒိုပြည်နယ်

close

November 16, 2021

ကော်လိုရာဒိုပြည်နယ်တွင် သေနတ်ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက် ၆ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့က အထက်တန်းကျောင်းနားမှာ ကားပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးမှုကြောင့် နိုဝင်ဘာ ၁၅ ရက်က ဆယ်ကျော်သက် ၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။

အာဏာပိုင်တွေက တိုက်ခိုက်မှုအတွက် သံသယရှိသူ အတော်များများကို ရှာနေပြီး ဂိုဏ်းတွေနဲ့ ပတ်သက်တဲ့အမှုလို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်နေကြကြောင်း မြို့ရဲ့ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

အသက် ၁၄ နှစ်ကနေ ၁၈ နှစ်ကြား ဒဏ်ရာရသူ ၆ ယောက်စလုံး အသက်ဘေး မစိုးရိမ်ရတဲ့ ဒဏ်ရာတွေကနေ ပြန်နာလန်ထူလာဖို့ မျှော်လင့်ထားတယ်လို့  ပစ်ခတ်မှုအပြီး ၂ နာရီအကြာမှာ ရဲမှူး ဗနက်ဆာဝီလ်ဆင်က သတင်းထောက်တွေကို ပြောပါတယ်။

“ဒန်ဗာခရိုင် ဆင်ခြေဖုံးအလယ်၊ အော်ရိုရာစင်ထရယ် အထက်တန်းကျောင်း မြောက်ပိုင်းက ပန်းခြံမှာ မွန်းလွဲ ၁ နာရီက သေနတ်သုံး အကြမ်းဖက်ခဲ့တာ ဖြစ်ပြီး ဒဏ်ရာရသူ ၅ ယောက်ကို လူနာတင်ယာဉ်နဲ့ ဆေးရုံတင်ပို့ခဲ့ရတယ်။ တယောက်ကတော့ ခွဲစိတ်ကုသခံခဲ့ရပြီး တယောက်ကတော့ သူ့ဟာသူ ဆေးရုံ သွားခဲ့တယ်။ သူတို့အားလုံးဟာ အထက်တန်းကျောင်းသူ ကျောင်းသားတွေ”လို့ ရဲအကြီးအကဲက ပြောပါတယ်။

ဒန်ဗာခရိုင်အရှေ့ပိုင်းက လူဦးရေ ၃၈၆,၀၀၀ ရှိတဲ့ အော်ရိုရာမြို့မှာ ၂၀၁၂ ခုနှစ်ကလည်း ရုပ်ရှင်ရုံ ပစ်ခတ်မှုကြောင့် လူ ၁၂ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့ လူတွေ ဒဏ်ရာရခဲ့ဖူးပါတယ်။

1 min Ago
Up