close

ကံထူးမရွာ

close

December 30, 2021

တန့်ဆည်မြို့နယ်၊ ကံထူးမရွာတွင် စစ်‌ကောင်စီတပ် မိုင်းခွဲ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ကံထူးမရွာမှာ  ဒီဇင်ဘာ ၃၀ ရက် မနက် ၉ နာရီခွဲလောက်က စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အခုလိုမိုင်ဆွဲတိုက်ခိုက်ခံခဲ့လို့ စစ်ကောင်စီဘက်က အကျဆုံးများ ရှိနိုင်ပြီး စစ်ကောင်စီဘက်က ပစ်ခတ်တာကြောင့် ဈေးဝယ်လာတဲ့ ရွာသား နှစ်ဦး သေနတ် ထိမှန်ခဲ့တယ်လိုလည်း  ဒေသခံတွေက ပြောပါတယ်။

တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုလူမုန်းက “ဖြစ်တာက  ကံထူးမရဲစခန်းက စစ်ကောင်စီဆိုင်ကယ် ရှစ်စီးနဲ့ မြို့တွင်း လှည့်ပတ်သွားလာနေတဲ့ မိုင်းဆွဲခဲ့တယ်။ မိုင်းဆွဲတာက ဘောလုံးကွင်းနားမှာ ဖြစ်တာ။ ကျနော်တို့ဘက်က အကျအဆုံး မရှိဘူး။ ဒီကောင်တွေဘက်ကတော့ အထိခိုက်အကျ အဆုံးတော့ ရှိမယ်။ အတိကျတော့ မပြောနိုင်ဘူး။ သူတို့ပစ်လို့ ရွာသား နှစ်ဦးတော့ ထိခိုက်ဒဏ်ရာရတာတော့ ရှိတယ်။ မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။

တန်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေကို  ပြည်သူကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက် ခိုက်နေသလို စစ်ကောင်ဘက်ကလည်း ဒေသခံတွေအပေါ် နေအိမ်တွေ ဖျက်ဆီးတာ၊ ကျေးရွာတွေ မီးရှို့တာတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ပစ်သတ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

12 hours Ago

August 20, 2021

တန့်ဆည်မြို့နယ် ကံထူးမရွာအနီး လူငယ် ၁ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမ -ကျေးကန်  ရွာချင်းဆက်လမ်းပေါ်မှာ ဩဂုတ်လ ၂၀ ရက် မနက်ပိုင်းက လူငယ်တစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။

သေဆုံးသူဟာ ကံထူးမရွာက အသက် ၂၇ နှစ်အရွယ် ကိုဇင်ဝိုင်း လို့သိရပြီး နိုင်ငံရေးနဲ့ ကိုယ်ရေးကိစ္စရောချပြီး ညပိုင်းက အသတ်ခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဒီကလေးက ကျနော်တို့နဲ့ စားဖော်သောက်ဖက်ပါဗျာ၊ အရက်နည်းနည်းသောက်တာက လွဲပြီး နိုင်ငံရေးဘာညာ သိပ်လည်းလုပ်တာ မဟုတ်ဘူး။ အခုကိစ္စက နိုင်ငံရေးနဲ့ Personal ရောချပြီး သတ်သွားတာပဲ ဖြစ်နိုင်တယ်။”

တန့်ဆည်မြို့နယ်အတွင်းမှာ လက်သည်တရားခံမပေါ်တဲ့ ဦးခေါင်းဖြတ် သတ်ဖြတ်မှုအချို့ ရှိခဲ့ပြီး ဒလန်ရှင်းလင်းတယ်ဆိုရင်လည်း TPC တို့ တန့်ဆည် CDM support Team တို့က အတိအလင်း ထုတ်ပြန်လေ့ရှိတယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

4 months Ago
Up