close

ကံထူးရှင်ရွေးချယ်ပွဲ

close

September 29, 2021

"အောင်လံလွှင့်ချီ နွေဦးထီ" ကံထူးရှင်ရွေးချယ်ပွဲ အောက်တိုဘာ ၁ ရက် ကျင်းပမည်

‘အောင်လံလွှင့်ချီ နွေဦးထီ’ pilot project ကံထူးရှင်ရွေးချယ်ပွဲကို အောက်တိုဘာ ၁ ရက် မနက် ၉ နာရီမှာ ပြုလုပ်မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ကံထူးရှင်ကိုလည်း Computerized random selection (ကွန်ပျူတာဖြင့်ကျပန်းရွေးချယ်ခြင်း) နဲ့ NUG စီမံကိန်း၊ ဘဏ္ဍာရေး နှင့်ရင်းနှီးမြှုပ်နှံမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကနေ ရွေးချယ်ပေးသွားမယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးအတွက် ပြုလုပ်တဲ့ အောင်လံလွှင့်ချီ နွေဦးထီ ကံထူးရှင်တွေအနေနဲ့လည်း ဆုမဲပေါက်တဲ့ငွေကို လုံခြုံစွာရယူနိုင်သလို CDM ဝန်ထမ်းတွေအတွက် ပြုလည်လှူဒါန်းနိုင်အောင် စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။

အောင်လံလွှင့်ချီ နွေဦးထီကို အွန်လိုင်းကနေတဆင့် ရောင်းချခဲ့တဲ့နေ့ရက်တိုင်းမှာ နာရီပိုင်းအတွင်း သတ်မှတ်စောင်ရေကုန်ဆုံးသွားတဲ့အထိ လူစိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။

12 mins Ago
Up