close

ကံထူးရှင်

close

January 10, 2022

နွေဦးထီကျပ်သိန်း ၁၀၀ ကံထူးရှင်က ဆုကြေးအားလုံး ပြန်လည်လှူဒါန်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြီးခဲ့တဲ့ အောင်လံလွှင့်ချီနွေဦးထီဖွင့်ပွဲမှာ ကျပ်သိန်း ၁၀၀ ကံထူးရှင်တယောက် ထွက်ပေါ်ခဲ့ပြီး လက်ရှိမှာတော့ သူရရှိတဲ့ ဆုကြေးငွေအားလုံးကို ပြန်လည်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

နွေဦးထီရဲ့ ဒီဇင်ဘာလထီဖွင့်ပွဲမှာ အထူးဆု ကံထူးခဲ့တဲ့ ထီလက်မှတ် အမှတ် 0210290089 မှ ဆုမဲငွေ သိန်း ၁၀၀ ကျပ်လုံးကို စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ပြန်လည်လှူဒါန်းပေးခဲ့တာလို့ ဆိုပါတယ်။

ကံထူးရှင်ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်းနဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့မှာ စတင်ရောင်း ချခဲ့တာဖြစ်ပြီး ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲ သွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားတာပါ။

လတ်တလောမှာတော့ နွေဦးထီဟာ တော်လှန်သူပြည်သူတွေရဲ့ ဝန်းရံမှုနဲ့ စစ်ကောင်စီရဲ့ အောင်ဘာလေထီကို အလဲထိုးနိုင်ခဲ့သလို CDM ဝန်ထမ်း ၆၃၀၀ လောက်ကိုလည်း ချီးမြှင့် နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် နွေဦးထီရဲ့ ကွန်ရက်ကို မြန်မာတစ်နိုင်ငံလုံး လွှမ်းခြုံနိုင်စေဖို့ တာဝန်သိ CDM ဝန် ထမ်းစာရင်းပြုစုတာ၊ စိစစ်တာ၊ ထောက်ပံ့ ID ထုတ်ပေးတာတွေကိုလည်း လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ CDM ဝန်ထမ်းပေါင်း ၁ သိန်း ၆ သောင်းကျော်နဲ့ ချိတ်ဆက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဝန်ထမ်းတွေထဲမှာတော့ ၅၁ ရာခိုင်နှုန်းက ပညာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ လတ်တလော ချီးမြှင့်နိုင်တဲ့ ဝန်ထမ်းပေါင်း ၆၃၀၀ ဟာ များပြားတဲ့ ပမာဏတစ်ခုဖြစ်ပေမယ့် နွေဦးထီက ချိတ်ဆက်ထားနိုင်တဲ့ ပမာဏနဲ့ယှဉ်ရင်တော့ ၃.၉ ရာခိုင်နှုန်းသာ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့လည်း တာဝန်သိ CDM ဝန်ထမ်းတွေကို ချီးမြှင့်ရင်း တော် လှန်ရေးမှာ ပါဝင်နိုင်ကြဖို့ နှိုးဆော်ထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ အဆိုပါထီနဲ့ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီးထောင်ချသွားမယ်လို့ ခြိမ်း ခြောက်ကြေညာထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့ အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေ ရောင်းချဖို့ အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေပေမယ့် ခုချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

6 mins Ago

November 15, 2021

အောင်လံလွှင့်ချီနွေဦးထီ နိုဝင်ဘာ ၃၀ ဖွင့်မည်၊ ကံထူးရှင်တဦးလျှင် ၁၅ သိန်းစီရရှိမည်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရောင်းချနေတဲ့ အောင်လံလွှင့်ချီနွေဦးထီကို နိုဝင် ဘာ ၃၀ ရက်မှာ ဖွင့်လှစ်သွားမှာဖြစ်ကာ ကံထူးရှင်တဦးကို ဆုကြေးငွေ ၁၅ သိန်းစီ ရရှိမယ်လို့ ထုတ်ပြန်ပါတယ်။

နွေဦးထီ စနစ်သစ်မှာတော့ လုံခြုံရေးကိုအထူးဂရုပြုထားပြီး ထီလက်မှတ်ဝယ်ယူရာမှာ အရင်က pilot project နဲ့ ပုံစံအနည်းငယ်ပြောင်းလဲထားပြီး Wave Account (သို့မဟုတ်) Wave Pay, KBZ Pay, True Money Agent တွေကတဆင့် ဝယ်ယူမယ့် ထီစောင်ရေ ကျ သင့်ငွေအတိုင်း password နဲ့ ကြိုတင်ငွေလွှဲပြီး ဝယ်ယူရမှာ ဖြစ်ပါတယ်။

ထီကိုတော့ လစဉ် ၂၅ ရက်နေ့အထိ မနက် ၁၀ နာရီကနေ ည ၁၀ အထိ ပုံမှန်ဖွင့်လှစ် ရောင်းချမယ်လို့ ဆိုပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာ ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့မှာ စတင် ရောင်းချခဲ့ တာဖြစ်ပြီး  ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲ သွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁  ရက်မှာ ထုတ်ပြန်ခဲ့တဲ့ နွေဦးထီဆုမဲပေါက်သူတွေ စာရင်း မှာတော့ ကံထူးရှင် ၇၅ ယောက် ထွက်ပေါ်လာခဲ့ပြီး အဲဒီထဲက ၆၂ ယောက်ကတော့ သူတို့ ရရှိတဲ့ ဆုကြေးငွေတွေကို ပြန်လည်လှူဒါန်းဖို့ဆန္ဒပြုထားကြတယ်လို့ ဆိုပါတယ်။

အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကတော့ အဆိုပါထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ် ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီး ထောင်ချသွားမယ်လို့ ခြိမ်းခြောက်ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့  အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေပါတယ်။

2 months Ago
Up