close

ကံသယာရွာ

close

May 15, 2021

ခင်ဦးမြို့နယ်၊ ကံသာယာရွာကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးပြီး ငွေနှင့် ဆန်များလုယက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသာယာရွာမှာ မေလ ၁၅ ရက် ညနေပိုင်းက  ဒေသခံ အန်အယ်လ်ဒီ ဥက္ကဋ္ဌ နေအိမ်အပါအဝင် နေအိမ် ၃ လုံးကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေ ဖျက်ဆီးပြီး  ဆန်အိတ်တွေနဲ့ ငွေသားတချို့ ယူသွားကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ညနေ ၄ နာရီလောက်က စစ်ကားသုံးစီးလာတယ်ဗျ။ အန်အယ်လ်ဒီ ဥက္ကဋ္ဌ နေအိမ်ကို အရင်ဝင်တယ်။ အန်အယ်လ်ဒီဆိုင်းဘုတ်တွေဖျက်ဆီးတယ်။ အလံနဲ့ တခြား အန်အယ်လ်ဒီ နဲ့ပတ်သက်တာတွေလည်း သိမ်းသွားကြတယ်။ နောက်တအိမ်ထပ်ဝင်ပြီးလည်း ရှာဖွေတာတွေ ရိုက်ဖျက်တာတွေလုပ်တယ်။ နောက်ဆုံးတစ်အိမ်ကတော့ ဘီရိုတွေရိုက်ဖွင့်တယ်၊ တခြားပစ္စည်းတွေ လွှင့်ပစ်တယ်၊ ဆန်အိတ် ၄ ပိုင်း ရယ် ငွေကျပ် ၇ သိန်းရယ်ယူသွားတယ်။ ရွာသား ရွာသားတွေကအကုန်ထွက်ပြေးကြရတာဆိုတော့ ဘယ်သူအိမ် ဘယ်လောက်ပါသွားတယ်ဆိုတာ အတိအကျမသိရသေးဘူး” လို့ ရွာသားတစ်ဦးကပြောပါတယ်။

ကံသာယာရွာမှာ တခြားအကြောင်းအရာကိစ္စဘာတခုမှ ဖြစ်ပွားခဲ့တာ မရှိဘဲ ရွာထဲကို လက်နက်ကိုင်တပ်တွေဝင်လာပြီး ငွေကြေး ပစ္စည်းတွေယူသွားတာလို့လည်း  ရွာသားတွေကဆိုပါတယ်။

ရွာသူရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာမရှိပေမဲ့ ပစ္စည်းတွေသိမ်းနေတဲ့  ရွာသား ၃ ယောက်ကိုတော့  ခေါ်ဆောင် စစ်ဆေး မေးမြန်းရိုက်နှက်တာတွေလုပ်ပြီး ပြန်လွှတ်ပေးထား ခဲ့တယ်လို့ သိရပါတယ်။

6 hours Ago
Up