close

ကျင်းဟောင်း

close

June 12, 2022

ဖားကန့်၌ ကျင်းဟောင်းထဲ ပြုတ်ကျသည့် ကား ၁ စီးကို ဆယ်ယူရရှိ၊ သေဆုံးမိသားစု၏ အလောင်း ရှာမတွေ့သေး

ကချင်ပြည်နယ်၊ ဖားကန်မြို့နယ် အေးမြသာယာကျေးရွာရှိကျောက်စိမ်းလုပ်ကွက် ကျင်းအဟောင်းထဲ ပြုတ်ကျသွားတဲ့ ပါဂျဲရိုးအမျိုးအစား အိမ်စီးကားကို ဇွန် ၁၁ ရက် ည‌ ၇ နာရီလောက်မှာ  ဆယ်ယူရရှိခဲ့ပေမဲ့ အလောင်းတွေမပါလာသေးဘူးလို့ ဒေသခံထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၉ ရက်က ကလေးကာကွယ်ဆေးထိုးပြီးပြန်လာတဲ့ မိသားစုဟာ ကားဘရိတ်ပေါက်ပြီး ကျောက်စိမ်းလုပ်ကွက် ကျင်းဟောင်းထဲပြုတ်ကျခဲ့လို့  ၂ လသားအရွယ် ကလေးငယ်နဲ့ မိဘနှစ်ဦးစလုံး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

"ရှာလို့တော့တွေ့ပြီ။ ကားပဲတွေ့ သေးတာ။ အလောင်းတွေ မတွေ့သေးဘူး။" လို့ ရှာဖွေရေးနဲ့ နီးစပ်တဲ့ ဒေသခံက ပြောပါတယ်။

ကားအတွင်း ပါသွားတဲ့မိသားစုဟာ ဖားကန့်မြို့နယ် မှော်မောင်းလျှံကျေးရွာမှာနေတဲ့ အသက် ၂၉ နှစ်အရွယ်ရှိ ကိုဒီးဒီး၊ အသက် ၂၃ နှစ်အရွယ် ဇနီးဖြစ်သူ မနန်းတို့နဲ့ အတူ  ၂ လသားအရွယ် သမီးလေးတယောက်တို့ဖြစ်တယ်လို့ နီးစပ်သူအသိုင်းအဝိုင်းကပြောပါတယ်။

ကျင်းဟောင်းထဲ ပြုတ်ကျတဲ့ ကားနဲ့ အလောင်းတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက  ဆယ်ယူဖို့ ကြိုးစားရှာဖွေနေတာမှာ  မနေ့က ၃ ရက်မြောက်နေ့မှာ ပါဂျဲရိုးကားကို ပြန်လည် ဆယ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

1 min Ago
Up