close

ကျဆုံးစစ်သည်

close

April 3, 2022

စစ်မှုထမ်းဟောင်းများနှင့်ကျဆုံးစစ်သည်များကို အာဂျင်တီးနားသမ္မတ ဆုတံဆိပ်ချီးမြှင့်

ဧပြီ ၂ ရက် ဖောက်ကလန်စစ်ပွဲ နှစ် ၄၀ ပြည့် နှစ်ပတ်လည်နေ့မှာ စစ်မှုထမ်းဟောင်းတွေနဲ့ ကျဆုံးစစ်သည်တွေရဲ့ ဆွေမျိုးတွေကို အာဂျင်တီးနားသမ္မတ အယ်လ်ဘတ်တို ဖာနန်ဒက်ဇ်က ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။ 

ဖာနန်ဒက်ဇ်က ဗြိတိန်အနေနဲ့ ၁၉၅၆ ခုနှစ် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် အမှတ် ၂၀၆၅ ကို လိုက်နာပါလို့လည်း တောင်းဆိုလိုက်ပါတယ်။ 

အာဂျင်တီးနားနဲ့ ဗြိတိန်တို့ဟာ တောင်အတ္တလန်တိတ်ရှိ မောလ်ဗီနတ်စ်လို့ လူသိများတဲ့ ကျွန်းတွေအပေါ်မှာ ကာလအတန်ကြာ အငြင်းပွားခဲ့တာပါ။ 

၁၉၈၂ မှာ စစ်ပွဲဖြစ်ခဲ့ပြီး အာဂျင်တီးနားစစ်သား အယောက် ၆၅၀ နဲ့ ဗြိတိသျှစစ်သား ၂၅၅ ဦး သေဆုံးခဲ့တာပါ။ 

အခုအခါ နှစ်နိုင်ငံ ရင်းနှီးတဲ့ဆက်ဆံရေး ရှိပေမဲ့ ကျွန်းစုအရေး အခဲမကျေမှုက ဆက်ရှိနေဆဲပါ။

ပဋိပက္ခက ၁၉၈၂ ဧပြီ ၂ ရက်မှာ စတင်ပြီး အာဂျင်တီးနားတပ်တွေက အာဂျင်တီးနားနဲ့ မိုင် ၄၀၀ ဝေးတဲ့ ကျွန်းတွေပေါ်  ခြေချတဲ့အခါမှာ ဝန်ကြီးချုပ်မာဂရက်သက်ချာရဲ့  ဗြိတိန်က ရေတပ်စေလွှတ်ပြီး ပြန်သိမ်းပိုက်ပါတယ်။ 

စစ်လက်နက်နဲ့ တိုက်ခိုက်စွမ်းရည် အားနည်းတဲ့ အာဂျင်တီးနားတပ်တွေ ဇွန်လမှာ ကျွန်းကို လက်လွှတ်ခဲ့ရပါတယ်။ အဲဒီအချိန် အာဂျင်တီးနားမှာ စစ်အာဏာရှင်အုပ်စိုးနေတာကြောင့် စစ်ပွဲဟာ အာဏာရှင်ရဲ့အမှားလို့ မြင်ခဲ့ကြတာပါ။ 

ဒါပေမဲ့ တောင်အမေရိကတိုင်းပြည် အတော်များများက ကျွန်းတွေဟာ အာဂျင်တီးနားပိုင်လို့ ဆက်မြင်နေတာပါ။

6 mins Ago
Up