close

ကျဆုံးသူရဲကောင်းများ

close

March 3, 2022

ရန်ကုန်တွင် ကျဆုံးသူရဲကောင်းများအတွက် အလံနက်လွှင့်ထူကာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ

စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုကြောင့်ကျဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ရန်ကုန်မြို့ နေရာတနေရာမှာ  ‘ကမ္ဘာတည်သရွေ့ ဥဒါန်းမကျေဘူး’ ကြွေးကြော်သံနဲ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်တဲ့ ဆန္ဒပြပွဲတစ်ခုကို  ဒီနေ့ မတ်လ ၃ ရက်နေ့မှာ ကျောင်းသားလူငယ်တွေစုပေါင်း လုပ်ဆောင်ခဲ့ကြပါတယ်။

အဆိုပါ ဆန္ဒပြပွဲကို လူငယ်များ သမဂ္ဂက ဦးဆောင်ကာ Labour Alliacne အဖွဲ့ဝင် (CTUM) ၊ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ၊ Revolution Force (RF) ၊  တော်လှန်သွေးမကုန် တောင်ဒဂုံ သပိတ်အင်အားစု၊  Youth Association of Thingangyun (YAT)၊  LGBT Community Yangon, LGBT Union Mandalay ၊ ထားဝယ်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ၊ ပညာနန်းတော်ကိုယ်ပိုင်ကျောင်း ကျောင်းသားများသမဂ္ဂ၊ လှိုင်သာယာမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ ၊ အခြေခံကျောင်းသား လူငယ်အစည်းအရုံး (ဗဟို)၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းတို့ကလူငယ်တွေလည်း ပါဝင်ခဲ့ကြပါတယ်။

အကြမ်းဖက်အာဏာသိမ်း ဖက်ဆစ်စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်မှာ သွေးမြေကျ ကျဆုံးခဲ့တဲ့ နွေဦးတော်လှန်ရေး အာဇာနည်တွေနဲ့ အဓမ္မ ဖမ်းဆီးခံရတဲ့ အကျဉ်းထောင်ရှိ သူရဲကောင်းတွေကို ဂုဏ်ပြုဝမ်းနည်းခြင်းအထိမ်းအမှတ် အလံနက် လွှင့်ထူကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး အကြမ်းဖက် စစ်တပ်အား ဆက်လက်တော်လှန်ပုန်ကန်နေမယ်လို့ လူငယ်တွေက ကတိပြုခဲ့ကြပါတယ်။

8 mins Ago

March 23, 2021

ကျဆုံးသွားသူများအတွက် KIA ထိန်းချုပ်နယ်​​မြေ မိုင်ဂျာရန်တွင် ဆုတောင်းပွဲ ပြုလုပ်

ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေတခုဖြစ်တဲ့ မိုင်ဂျာရန်မှာ မတ်လ ၂၂ ​နေ့က စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှု​​ကြောင့် ကျဆုံးသွားခဲ့ရတဲ့သူတွေအတွက် ဆုတောင်​ ​မေတ္တာပို့သမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်စဥ်ကြောင့် ကျဆုံးခဲ့ရတဲ့ သူတွေ၊ဖမ်းဆီးခံရတဲ့သူတွေနဲ့ မြန်မာပြည်စစ်အာဏာရှင်စနစ်မှ အမြန်ဆုံး လွှတ်မြောက်စေဖို့ မိုင်ဂျာရန်မှာရှိတဲ့  ရှမ်းရွာလူထု၊ ရှမ်းသံယာတော်တွေက ဆု​တောင်း​မေတ္တာပို့ခဲ့​ကြတာ​ပါ။

ဆုတောင် ​မေတ္တာပို့သမှုကို မနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ အစီအစဥ်တွေနဲ့ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

12 months Ago
Up