close

ကျဆုံးသူရဲကောင်း ၉ ဦး ဂူဗိမာန်

close

March 7, 2022

မုံရွာမြို့ အာဇာနည်လမ်းတွင် ကျဆုံးခဲ့သည့် သူရဲကောင်း ၉ ဦး၏ ဂူဗိမာန်‌များ ဖျက်ဆီးခံရ

ပြီးခဲ့တဲ့နှစ် မတ်လ ၃ ရက်နေ့က မုံရွာမြို့၊ ဘုရားနီလမ်း (အာဇာနည်လမ်း)မှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ကဗျာဆရာကေဇဝင်း အပါအဝင် ကျဆုံးခဲ့သူ ၉ ဦးရဲ့ ဂူဗိမာန် အုတ်ဂူတွေကို စစ်ကောင်စီက လာရောက်ဖြိုဖျက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဆားကျင်းသုသာန်မှာရှိတဲ့ ဂူဗိမာန်တွေကို မတ်လ ၅ ရက်နေ့ နေ့လယ်ပိုင်းက လာရောက် ဖြိုဖျက်ခဲ့ကြတာဖြစ်ပြီး ပြန်လည်ထွက်ခွာတဲ့အချိန်မှာ သေနတ်တွေပါ ပစ်ဖောက်သွားတယ်လို့ ဆိုပါတယ်။   

အခုလို ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်လို့ သမိုင်းဝင်အာဇာနည်တွေကို သမိုင်းကနေ ပျောက်ကွယ်အောင် လုပ်နေတဲ့လုပ်ရပ်သာဖြစ်ပြီး ပြည်သူတွေအနေနဲ့ သွေးမအေးဖို့နဲ့ စစ်ကောင်စီကို အမြစ်ဖြတ်ပြီး ဆက်လက်တော်လှန်ပေးဖို့ကို မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားပါတယ်။ 

2 mins Ago
Up