close

ကျည်ဆန်ဖြည့်တင်းရေး

close

August 14, 2022

ရွှေကံစမ်းမဲဖောက်ပေးမည့် “ကျည်ဆန်ဖြည့်တင်းရေး” ကံစမ်းမဲလက်မှတ် ရောင်းချ

စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လိုအပ်နေတဲ့ နှုတ်ခမ်းနီ(ကျည်ဆန်) ဖြည့်တင်းနိုင်ဖို့ စေတနာရှင် ပြည်သူ တဦး လှူဒါန်းထားတဲ့ ရွှေလက်ဝတ်ရတနာတွေကို ဆုမဲအဖြစ်ပေးမယ့် ကံစမ်းမဲ လက်မှတ်တွေကို ရောင်းချကာ ရန်ပုံငွေရှာဖွေသွားမယ်လို့ Central Intelligence Agency – Tamu အဖွဲ့ဝင် တဦးက ပြောပါတယ်။

မိဘပြည်သူတဦးက သူမနဲ့ သမီးဖြစ်သူတို့ ဝတ်ဆင်ဖို့ လုပ်အားခနဲ့ စုဆောင်းဝယ်ယူထားတဲ့ ရွှေဆွဲကြိုး နှစ်ကုံး၊ ခရမ်းစွဲ ရွှေဆွဲသီး၊ လက်ကောက် နှစ်ကွင်းနဲ့ နားကပ်တရံ ကာလတန်ဖိုး ၁၄၈ သိန်းလောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာမှာ အသုံးပြုဖို့ ပြောဆိုလှူဒါန်းသွားတယ်လို့ သိရပါတယ်။

ကံစမ်းမဲလက်မှတ် လက်မှတ်တစ်စောင်ကို ၁၀,၀၀၀ (တစ်သောင်း) ကျပ်နဲ့ ရောင်းချသွားမှာဖြစ်ပြီး လက်ဝတ်ရတနာတွေကို ပထမဆုမှ ဆဋ္ဌမဆုအထိ ဆုမဲလုပ်ပြီး မဲဖောက်ပေးမယ်လို့ ဆိုပါတယ်။

“ကဘော်မြေသို့ နုတ်ခမ်းနီလှူစို့” ဆောင်ပုဒ်နဲ့  ကံစမ်းမဲလက်မှတ်တွေကို ဩဂုတ် ၆ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ရောင်းချမှာဖြစ်ပြီး စက်တင်ဘာ ၇ ရက်မှာတော့ Central Intelligence Agency – Tamu ပေ့ချ်က တိုက်ရိုက်ထုတ်လွှင့်ပြီး ကံထူးရှင်တွေကို ရွေးချယ်မယ်လို့ သိရပါတယ်။

ကံစမ်းမဲလက်မှတ်တွေကို CIA Tamuhttps://www.facebook.com/CIATamu/၊  facebook အကောင့်တွေ နဲ့ +918798990656 (Whatsapp/Singal/Telegram)တို့က ဆက်သွယ်ဝယ်ယူ ကံစမ်းနိုင်တယ်လို့ ကြေညာထားပါတယ်။

9 hours Ago
Up