close

ကျည်တောက်ပေါက်ရွာ

close

November 23, 2021

သေနတ်ဖြင့်ပစ်ခံရမှုကြောင့် ဒဏ်ရာရခဲ့သည့် စဉ့်ကူးမြို့နယ် ရာအိမ်မှူး နုတ်ထွက်စာတင်

သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့တဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာက ရာအိမ်မှူးဟာ နိုဝင်ဘာ ၂၃ ရက်နေ့က နုတ်ထွက်စာတင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၄၈ နှစ်အရွယ် ကျည်တောက်ပေါက်ကျေးရွာ ရာအိမ်မှူး ဦးမျိုးခိုင်ဟာ နိုဝင်ဘာလ ၂၂ ရက်နေ့က တစ်ယောက်တည်း ဆိုင်ကယ်မောင်းလာချိန် သေနတ်နဲ့ ပစ်ခံရတာဖြစ်ပြီး ပေါင်နဲ့ ဒူးတို့မှာ သေနတ်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ရာအိမ်မှူးဟာ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် ကျည်တောက်ပေါက်ဆေးရုံကနေ မန္တလေး ဆေးရုံကြီးကို လွှဲပြောင်းကာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ကလည်း ကျည်တောက်ပေါက်ကျေးရွာက ကျေးရွာတာဝန်ခံ ရာအိမ်မှူး ဦးမောင်ငယ် သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။

11 mins Ago
Up