close

ကျည်ထိမှန်

close

February 27, 2022

စစ်​ကောင်စီတပ်ပစ်ခတ်မှုကြောင့် ဘုန်းကြီးတစ်ပါး ကျည်ထိမှန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ဘန့်​ဘွေးရွာမ​ကျေးရွာအတွင်းမှာ တပ်စွဲ​​နေထိုင်​နေတဲ့ စစ်​ကောင်စီတပ်ရဲ့ ပစ်ခတ်မှု​ကြောင့် ဘုန်း​တော်ကြီးတစ်ပါး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့တွေဟာ ​ဖေ​ဖော်ဝါရီ  ၂၇ ရက် မနက် ၁၁ နာရီဝန်းကျင်​လောက်က ဘန့်​ဘွေးရွာမ​ကျေးရွာအတွင်းက​နေ လက်နက်ကြီး ၃ ချက် ပစ်ခတ်ခဲ့ရာ ဥယျာဥ်ကျောင်း အတွင်းကို လက်နက်ကြီး  နှစ်လုံး ကျ​ရောက်​ပေါက်ကွဲခဲ့ပြီး တစ်လုံးက​တော့ ရွာရဲ့​တောင်ဘက်မှာပဲ ကျ​ရောက်​ပေါက်ကွဲခဲ့တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

ဥယျာဥ်ကျောင်းအတွင်း ကျ​ရောက်​ပေါက်ကွဲမှု​ကြောင့် ဘုန်း​ကြီးတစ်ပါးရဲ့ လက်မှာ လက်နက်ကြီးစ ထိမှန် (မစိုးရိမ်ရ)ဒဏ်ရာရရှိသွားခဲ့တယ်လို့လည်း ဆိုပါတယ်။ 

အဲဒီ​ကျောင်းမှာ ဘုန်းကြီးနှစ်ပါး သတင်းသုံး​ ​နေထိုင်နေတာဖြစ်ပြီး  နှစ်ပါးလုံးက အကြား အာရုံ မ​ကောင်းကြဘူးလို့ ​ပြောပါတယ်။

စစ်​ကောင်စီတပ်အင်အား ၇၀ ခန့်​လောက်​နဲ့ ဘန့်​ဘွေးရွာမ​ကျေးရွာအတွင်းကို ​ဖေဖော်ဝါရီ  ၂၅ ရက်​က ထပ်မံဝင်​ရောက်လာခဲ့တာဖြစ်ပြီး ဝင်​ရောက်လာစဥ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဝင်​ရောက်လာ​တာ​လို့ သိရပါတယ်။ ​

အဲဒီစစ်​ကောင်စီတပ်ဖွဲ့ကို PDF ပူး​ပေါင်းအဖွဲ့တွေက တိုက်ခိုက်ဖို့ ကြိုးစားပေမယ့် စစ်​ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်ခဲ့တာကြောင့် PDF ပူး​ပေါင်းအဖွဲ့​တွေ ​ပြန်လည်ဆုတ်ခွာခဲ့ကြရတယ်လို့ သိရပါတယ်။

9 mins Ago

October 22, 2021

ကနီမြို့နယ်တွင် စစ်တပ်ကပစ်ခတ်သဖြင့် ရွာသား ၁ ဦး ကျည်ထိမှန် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ တဇယ်ချောင်ကျေးရွာနေသူ တစ်ဦး အောက်တိုဘာ ၂၂ ရက် မနက် ၁၀ နာရီလောက်က ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။

“ကနီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဗျ။ ကနီမြို့အထွက်ကတည်းက သေနတ်တွေ ပစ်ဖောက်လာတယ်။ တဇယ်ချောင်ရွာနားလည်း ရောက်ရော သေနတ်ပစ်သံတွေ ပိုစိတ်လာတယ်။  ရွာသားတွေလည်း ရုတ်တရက်ဆိုတော့ အကုန်ထွက်ပြေးကြရတယ်။ အခုကျည်မှန်တဲ့ သူက ကိုဇော်နိုင်ဦး အသက်က ၃၀ လောက်ရှိမယ်။ သေနတ် မှန်တာက ခြေသလုံးနှစ်ဖက်”လို့ ဒေသခံ ရွာသား တစ်ဦးက ပြောပါတယ်။

ကနီကနေထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ သေနတ်တွေနဲ့ ကျေးရွာတွေအတွင်း ရှင်းလင်း ပစ်ခတ်ပြီး ရှမ်းမြောင်းကျေးရွာက  ဆိုင်ကယ် ၃ စီးနဲ့ ဖုန်းတစ်လုံးအပြင် ဆန်နဲ့ ဆီတွေပါ ယူဆောင်သွာကြတယ်လို့ ဒေသခံရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

4 months Ago
Up