close

ကျန်စုပြည်နယ်

close

July 21, 2022

တရုတ်အရှေ့ပိုင်း ကျန်စုပြည်နယ်တွင် လေဆင်နှာမောင်းတိုက်ပြီး ၁ ဦးသေ၊ ၂၅ ဦးခန့် ဒဏ်ရာရ

တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်စုပြည်နယ်မှာ လေဆင်နှာမောင်းတိုက်လို့ လူတယောက် သေဆုံးပြီး ၂၅ ယောက်ထက်မနည်း ဒဏ်ရာရကာ အခြေခံအဆောက်အအုံတွေ ပျက်စီးသွားတယ်လို့  တရုတ် နိုင်ငံပိုင်မီဒီယာမှာ ဇူလိုင် ၂၀ ရက်က  ဖော်ပြပါတယ်။

ကျန်စုပြည်နယ် ရန်ချောင်မြို့မှာ လေဆင်နှာမောင်းတိုက်လို့ လူနေအိမ်တွေ ပျက်စီးပြီး ဓာတ်တိုင်တွေ မြေပေါပြိုကျခဲ့သလို့ အိမ်ထောင်စု ၅၈၀၀ အတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက် ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြပါတယ်။

ဇူလိုင် ၂၁ ရက် ညနေမှာ ဓာတ်အား အပြည့်အဝ ပြန်ရဖို့ မျှော်လင့်ထားတယ်လို့ ပြုပြင်ရေးအဖွဲ့တွေက ပြောပါတယ်။

ကျန်းရှီးပြည်နယ် တောင်ပိုင်း ယင်တန်မြို့မှာ အလုပ်သမားတွေဟာ အနီးနားပတ်ဝန်းကျင်အတွက် လုံလောက်တဲ့ ဓာတ်အားရရှိရေးအတွက် အပူချိန်လွန်ကဲနေချိန်မှာ ဓာတ်အားလိုင်းတွေ ပြင်ပေးနေကြတယ်လို့ CCTV က ဖော်ပြပါတယ်။

တရုတ်နိုင်ငံက မြို့အများအပြားမှာ အပူရှိန်ပြင်းပြီး မိုးသည်းထန် ရွာနေတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ် နည်းနည်းအတွင်း အပူချိန်မြင့်မား မှုစံချိန်သစ်ကို ချိုးနိုင်ခဲ့ပြီး ရက်ပေါင်းများစွာကြာအောင် ရာသီဥတုပြင်းထန် နေဦးမယ်လို့ မိုးလေဝသကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။

2 mins Ago
Up