close

ကျန်းမာရေးကုမ္ပဏီ

close

November 11, 2022

သြစတြေးလျ ကျန်းမာရေးကုမ္ပဏီ ဆိုက်ဘာတိုက်ခိုက်ခံရမှုတွင် ရုရှားဟက်ကာများ ပါဝင်နေ

သြစတြေးလျနိုင်ငံရဲ့ အကြီးဆုံးကျန်းမာရေးအာမခံကုမ္ပဏီ မက်ဒီဘဏ် ပရိုက်ဗိတ်ရဲ့ လက်ရှိ ဖောက်သည်တွေနဲ့ ဖောက်သည်ဟောင်း ၁၀ သန်းနီးပါးရဲ့ အချက်အလက် အသေးစိတ်တွေ ပေါက်ကြားခဲ့ရတဲ့ ဆိုက်ဘာတိုက်ခိုက်ခံရမှု နောက်ကွယ်မှာ ရုရှားအခြေစိုက်ဟက်ကာတွေ ရှိနေကြောင်း သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။

လက်ရှိနဲ့ လက်ဟောင်း ဖောက်သည်တွေရဲ့ ဒေတာပေါင်း ၉ ဒသမ ၇ သန်းလောက်ကို ဟက်ကာတွေက ခိုးယူခဲ့ပြီး သောကြာနေ့မှာတော့ နောက်ထပ် ကိုယ်ရေးကိုယ်တာ အသေးစိတ် အချက်အလက်တွေကို ဖွင့်ချခံခဲ့ရပါတယ်။

ကုမ္ပဏီက ဟက်ကာ အကျပ်ကိုင်တောင်းခံတဲ့ ငွေကြေးပေးဖို့ ငြင်းဆိုပြီးနောက်မှာ ဒါမျိုးတွေ နေ့စဉ်နဲ့အမျှ ကြုံနေရမယ်လို့ ကုမ္ပဏီက မျှော်လင့်ထားပါတယ်။

ကုမ္ပဏီဟာ အောက်တိုဘာ ၁၃ ရက်မှာ ဟက်ကာအကြောင်း ထုတ်ဖော်ခဲ့ကတည်းက မက်ဒီဘဏ်ရှယ်ယာတွေ ၂၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားရပြီး သောကြာနေ့မနက် အရောင်းအဝယ်မှာတော့ ရှယ်ယာတွေဟာ ၂ ရာခိုင်နှုန်းနီးပါး တက်လာခဲ့ပါတယ်။

မက်ဒီဘဏ်ကို တိုက်ခိုက်တဲ့အတွက် ဆိုက်ဘာရာဇဝတ်ကောင်အုပ်စုကို သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) ကော်မရှင်နာ ရိစ် ခါရှောက အပြစ်တင်ထားပြီး လူပုဂ္ဂိုလ် တဦးချင်းစီနဲ့ ပတ်သက်ပြီးတော့ ရုရှား တရားဥပဒေစိုးမိုးရေးဌာနနဲ့ ဆွေးနွေးမှုတွေ လုပ်မှာဖြစ်ကြောင်း ခါရှောက ပြောပါတယ်။

ဒါဟာ သြစတြေးလျနိုင်ငံသား သန်းပေါင်းများစွာအပေါ် သက်ရောက်မှုရှိပြီး သြစတြေးလျ စီးပွားရေးကို ထိခိုက်စေနိုင်တဲ့ သိသာထင်ရှားတဲ့ ရာဇဝတ်မှုတခုဖြစ်ကြောင်းနဲ့ ဒီဆိုက်ဘာတိုက်ခိုက်မှုဟာ သြစတြေးလျအတွက် လက်မခံနိုင်တဲ့ တိုက်ခိုက်မှုဖြစ်ပြီး ဒီရာဇဝတ်မှုဖြစ်စေတဲ့ အန္တရာယ်ရှိတဲ့ ကျယ်ပြန့်တဲ့အကျိုးဆက်တွေနဲ့ ကိုက်ညီတဲ့ တုံ့ပြန်မှုတခု ရထိုက်ကြောင်းလည်း ခါရှောက ပြောပါတယ်။

56 seconds Ago
Up