close

ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ

close

April 6, 2022

သမ္မတဟောင်းအိုဘားမား အိမ်ဖြူတော်တွင် ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေအကြောင်း ဆွေးနွေး

အမေရိကန်သမ္မတဟောင်း ဘားရက်ခ် အိုဘားမား ၂၀၁၇ သမ္မတရာထူးပြီးဆုံးပြီးနောက် ပထမဆုံးအကြိမ် အိမ်ဖြူတော်ကို ဧပြီ ၅ ရက်နေ့က ပြန်ရောက်ရှိလာပါတယ်။

သူလက်မှတ်ရေးထိုးခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေအကြောင်း ဆွေးနွေးဖို့နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဘက်ဟောင်း သမ္မတဂျိုးဘိုင်ဒင်ကို ဂုဏ်ပြုဖို့ ရောက်ရှိလာတာပါ။

အိုဘားမားကို အုပ်ချုပ်ရေးအဖွဲ့ဝန်ထမ်းတွေနဲ့ ကွန်ဂရက်အဖွဲ့ဝင်တွေက လက်ခုပ်တီး ကြိုဆိုကြပါတယ်။ အိုဘားမားက ဂျိုးဘိုင်ဒင်ကို ‘ကျနော့်ရဲ့ဒုတိယသမ္မတ’ လို့ အရွှန်းဖောက်ခေါ်ခဲ့ပြီး နောက်မှ သမ္မတကြီးလို့ ပြောပြီး အလေးပြုခဲ့ပါတယ်။

ဒုသမ္မတ ကာမလာဟဲရစ်က သမ္မတအိုဘားမားလက်ထက် ပြဋ္ဌာန်းခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ ‘Affordable Care Act’ ဟာ အမေရိကန်နိုင်ငံ မျိုးဆက်များစွာကာလအတွင်း အကျိုးအများဆုံး ကျန်းမာရေးဥပဒေပါလို့ ချီးကျူးခဲ့ပါတယ်။ အိုဘားမားကလည်း သူ့သမ္မတ သက်တမ်းအတွင်း အမှတ်ရဆုံး လုပ်ရပ်ပါလို့ ပြောပါတယ်။

ဒီဥပဒေက ကျန်းမာရေးအာမခံကုမ္ပဏီတွေရဲ့ အမြတ်ထုတ်မှုကနေ လူသန်းများစွာရဲ့ ကျန်းမာရေးနဲ့ အသက်ကို ကာကွယ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ အိုဘားမားက လူအများကြား ပေါ်ပြူလာဖြစ်နေပေမဲ့ သမ္မတဂျိုးဘိုင်ဒင်က ပြီးခဲ့တဲ့လ လူထုစစ်တမ်းတွေအရ ငွေကြေးဖောင်းပွမှုမြင့်တက်မှုကြောင့် လူကြိုက်နည်းလာနေပါတယ်။

57 seconds Ago
Up