close

ကျန်းမာရေးအခမဲ့ကုသ

close

December 5, 2021

စစ်ကိုင်းတိုင်း ကျေးရွာများတွင် ကလေး PDF က ကျန်းမာရေး အခမဲ့ကုသပေး

စစ်ကိုင်းတိုင်း ဒေသခံပြည်သူတွေကို  ဒီဇင်ဘာ ၄ ရက်နေ့မှာ ကလေးပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၅ ဆေးတပ်ဖွဲ့က အခမဲ့ ကျန်းမာရေးစောင့်မှု ပေးခဲ့တယ်လို့ သိရပါတယ်။

"အဓိကတော့ စစ်ဘေးရှောင်ဒေသတွေဖြစ်တဲ့အတွက် ရွာတွေမှာ အရင်ကလို မြို့တက်ပြီး ဆေးခန်းမပြရဲကြဘူး၊ အဲ့တာကြောင့် ကျနော်တို့ တတ်နိုင်သလောက် ရှိသလောက်ဆေးဝါးနဲ့ ရွာတွေအထိ ကွင်းဆင်းပြီး ဆေးဝါးကုသမှုပေးခဲ့တယ်။ ကျနော်တို့ PDF တွေကို ပြည်သူက ကူညီတယ်၊ ပြည်သူတွေ အခက်အခဲဖြစ်နေတဲ့အချိန် ကျနော်တို့ ပြန်ကူညီခဲ့တယ်” လို့ ကလေး PDFတပ်ရင်း (၅) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျေးရွာတစ်ရွာရှိ လူနာ‌ ၃၄ ဦးအတွက် လိုအပ်တဲ့ သောက်ဆေးနဲ့ ထိုးဆေးတွေ ထိုးနှံကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ကွင်းဆင်းကုသဖို့ ဆေးဝါးလုံလုံလောက်မရှိပေမယ့် တက်နိုင်သလောက် ရွာတွေကို ကွင်းဆင်းပြီး ကုသပေးနေတယ်လို့ ကလေး PDFတပ်ရင်း(၅)ပြန်ကြားရေးတာဝန်ရှိသူတစ်ဦး ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ် အင်အားတိုးချဲ့မှုနဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၁ သိန်း ဝန်းကျင်ရှိလာပြီး တောတောင်တွေထဲ၊ ဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာ ဆွေမျိုးတွေ နေအိမ်မှာ နေထိုင်နေကြရပြီး စားဝတ်နေ‌ရေး အခက်အခဲ ကြုံနေကြရတယ်လို့  သိရပါတယ်။

1 min Ago
Up