close

ကျန်းမာရေး ဝန်ထမ်း

close

September 23, 2021

ကျန်းမာရေး ဝန်ထမ်းနှင့် အဆောက်အအုံများကို တိုက်ခိုက်မည်မဟုတ်ဟု မကွေး PDF ထုတ်ပြန်

ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေနဲ့ အဆောက်အအုံတွေကို တိုက်ခိုက်သွားမှာ မဟုတ်ဘူးလို့ မကွေးတိုင်းဒေသကြီး PDF တပ်ဖွဲ့က စက်တင်ဘာ ၂၂ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဆေးရုံးဆေးခန်းတွေမှာ လူနာတွေကို ဆေးကုသပေးနေတဲ့ ဆရာဝန်၊ သူနာပြု၊ ဆေးရုံဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို CDM ပြုလုပ်သည်ဖြစ်စေ Non-CDM ဖြစ်စေ တိုက်ခိုက်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေဟာ အများပြည်သူတွေအတွက် ဆေးကုသပေးနေသလို ဘယ်စစ်ပွဲမှာမဆို အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တာကြောင့် အခုလက်ရှိမှာ အဖွဲ့စည်းတွေ အမျိုးမျိုးကွဲနေတဲ့အတွက် ထိခိုက်နစ်နာအောင်လုပ်တဲ့ ဘယ်အဖွဲ့စည်းကိုမဆို အပြင်းထန်ကန့်ကွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

MDPDF အနေနဲ့ ဆေးရုံ၊ ဆေးခန်း၊ ကျောင်း၊ အများပြည်သူသွားလာနိုင်တဲ့နေရာတွေနဲ့ ပြည်သူတွေ ထိခိုက်စေနိုင်တဲ့ နေရာတွေကို ရှောင်ဖယ်တိုက်ခိုက်သွားမှာဖြစ်သလို ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတအဖွဲ့တွေကိုလည်း ကာကွယ်စောင့်ရှောက်သွားမယ်လို့ ကတိပြုထားပါတယ်။

4 mins Ago

October 3, 2020

မွန်ပြည်နယ်က ဆရာဝန် ၂ ဦးအပါအဝင် ကျန်းမာရေး ဝန်ထမ်း ၃ ဦး ဆေးရုံဆင်းခွင့်ရ

မွန်ပြည်နယ်က ကိုဗစ်-၁၉ အတည်ပြုလူနာ ဆရာဝန် ၂ ဦးအပါအဝင် ကျန်းမာရေး ဝန်ထမ်း ၃ ဦးကို အောက်တိုဘာ ၂ ရက်နေ့မှာ ဆေးရုံဆင်းခွင့် ရရှိခဲ့ပါတယ်။ ဆရာဝန် ၂ ဦးဟာ မော်လမြိုင် ပြည်သူ့ဆေးရုံရဲ့ အထွေထွေရောဂါ အထူးကုပြင်ပ လူနာဌာနမှာ လူနာတွေကို စောင့်ကြည့်ကုသပေးရာမှ စက်တင်ဘာ ၂၀ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခဲ့ရတာပါ။ ကျန် ကျန်းမာရေးဝန်ထမ်း ၁ ဦးဖြစ်တဲ့ သူနာပြုမှာလည်း မော်လမြိုင်ပြည်သူ့ဆေးရုံမှာပဲ လူနာတွေကို စောင့်ကြည့်ကုသပေးရာမှ စက်တင်ဘာ ၂၂ ရက်နေ့က ကိုဗစ်ရောဂါပိုး ထပ်မံကူးစက်ခံခဲ့ရတာပါ။ ဒါ့အပြင် မွန်ပြည်နယ်က အသက်ငယ်ဆုံး ၃ လအရွယ် ကိုဗစ်လူနာ ကလေးငယ်လည်း အောက်တိုဘာ ၂ ရက်နေ့ ညနေပိုင်းမှာ ဆေးရုံဆင်းခွင့်ရရှိခဲ့ပါတယ်။ ဆေးရုံဆင်းခွင့် ရရှိသွားတဲ့သူတွေကို နေအိမ်မှာ ၇ ရက်ကြာ နေထိုင်ပေးကြဖို့နဲ့ ရောဂါလက္ခဏာတခုခု ခံစားရရင် ဆေးရုံ လာပြန်ပြပေးကြဖို့ မှာကြားထားတယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာ ဝတ်မှုံက DVB ကိုပြောပါတယ်။ မွန်ပြည်နယ်မှာတော့ စက်တင်ဘာ ၃ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉၄ ဦးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။
12 months Ago
Up