close

ကျပ်သိန်း၁၅၀၀

close

September 11, 2022

စစ်တွေမြို့တွင် ငွေကျပ်သိန်း ၁၅၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စက်တင်ဘာ ၉ ရက်က အမျိုးသားနှစ်ဦးအား ကျပ်သိန်း ၁၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တဦးက "စစ်တွေ မှန်စီကျေးရွာ ရထားသံလမ်းနားက မင်းဂံ-သက္ကေပြင်သွားတဲ့ ကားလမ်းမှာ ပူးပေါင်းအဖွဲ့က ဖမ်းမိတာ။ ဆိုက်ကယ်တစီးကို မသင်္ကာလို့ စစ်ဆေးတာ မူးယစ်ဆေးတွေကို လွယ်အိတ်နဲ့ ထည့်လာကြတဲ့ လူ ၂ ယောက်နဲ့အတူ ဖမ်းမိတာ" လို့ ပြောပါတယ်။

၀င်းမြင့် မောင်းနှင်ပြီး အေးထွန်း စီးနင်းလိုက်ပါလာတဲ့  ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ အေးထွန်း လွယ်ထားတဲ့ လွယ်အိတ်ထဲက စိတ်ကြွ ဆေးပြား ၇၈၈၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၅၇၆ သိန်း) နဲ့ လက်ကိုင်ဖုန်း ၂ လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့တာပါ။

စစ်တွေမြို့ခံလူကြီးတဦးက "မူးယစ်ဆေး ဖမ်းမိတယ်ဆိုတာက တဖွဲ့နဲ့ တဖွဲ့ သတင်းပေးထားမှ ဖမ်းမိတာပါ။ ရဲက ရှာဖွေပြီး ဖမ်းမိတာ မရှိဘူး။ စစ်တွေမှာ မူးယစ်ရာဇာတွေ အများကြီးရှိနေတာ ဖမ်းမှ မဖမ်းကြတာ။ ဆက်ကြေးရရင် မသိဟန်ဆောင်နေကြတာ။ ပျက်စီးသွားတာက လူငယ်တွေ။ မူးယစ်ဆေး သုံးစွဲတာ များလာနေတယ်" လို့ ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်တွေမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တွေ ဖော်ထုတ်နေတယ်လို့ မူးယစ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Photo – CCDAC Myanmar

2 hours Ago
Up