မြန်မာပြည်တွင်းက လိုအပ်တဲ့ နေရာတွေကို လှူဒါန်းထောက်ပံ့ပေးနေတဲ့ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့က Myanmar Humanitarian Aid အဖွဲ့ရဲ့ လူသားချင်းကူညီပံ့ပိုးမှုသက်တမ်း ၇ လရှိပြီလို့ အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ကြေညာထားပါတယ်။
၂၀၂၁ မှာ သိန်းပေါင်း ၁,၁၅၅ ကျော် နဲ့ ၂၀၂၂ ဇန်နဝါရီလကနေ မတ်လအထိ သိန်းပေါင်း ၅၅၀ ကျော် လှူဒါန်းခဲ့တာကြောင့် ၇ လအတွင်း မြန်မာနိုင်ငံအတွက် မြန်မာကျပ်ငွေ သိန်းပေါင်း ၁၇၀၀ ကျော် လှူဒါန်းခဲ့တာဖြစ်ပါတယ်။
MHAid ကို လစဉ်လှူဒါန်းသူတွေ၊ ရံဖန်ရံခါ လှူဒါန်းသူတွေနဲ့အတူ အစစအရာရာ ကူညီပေးသူအားလုံးကို ကျေးဇူးတင်ပြီး အလှူရှင်အသစ်တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။
MHAid ဟာ တိုင်းရင်းသားရိုးရာအစားအသောက်တွေနဲ့ လက်မှုပစ္စည်းတွေကို ရောင်းချပြီး ရန်ပုံငွေစျေးရောင်းပွဲတွေ မကြာခဏကျင်းပကာ အလှူငွေရှာဖွေပြီး လှူဒါန်းနေတာလည်း ဖြစ်ပါတယ်။