close

ကျပ် ၁၂ သန်း

close

February 4, 2023

ရခိုင်တွင် တလအတွင်း မီးဘေးကြောင့် ကျပ် ၁၂ သန်းကျော်ဆုံးရှုံး

ရခိုင်ပြည်နယ်အတွင်း  ၁၂ မြို့နယ်မှာ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း မီးလောင်မှုကြောင့် သေဆုံးသူ တယောက်၊ ဒဏ်ရာရသူ တယောက်ရှိခဲ့ပြီး  နေအိမ်နဲ့ပစ္စည်း ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၂ ဒသမ ၃၄၂ သန်းဖိုးရှိခဲ့ကြောင်း ရခိုင်ပြည်နယမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ မာန်အောင်၊ သံတွဲ နဲ့ ကျိန္တလီမြို့တွေမှာ ဇန်နဝါရီလအတွင်း မီးလောင်မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မီးဖိုမီး ၇ ကြိမ်၊ လျှပ်စစ်မီး ၅ နဲ့ ပေါ့ဆမီး ၃ ကြိမ် မီးလောင်ခဲ့တာကြောင့် အဆောက်အအုံ အလုံး ၂၀ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးဒုက္ခသည် ၇၆ ယောက်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်ကလည်း ရခိုင်ပြည်နယ်အတွင်း  မီးလောင်မှု ၇၃ ကြိမ်ရှိခဲ့ပြီး ကျပ် ၁၃၆ သန်းကျော် ဆုံးရှုံးခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

4 mins Ago
Up