close

ကျပ် ၄၅၀၀၀

close

February 24, 2022

တစ်ရက်အတွင်း ရွှေစျေး တစ်ကျပ်သားကို ကျပ် ၄၅၀၀၀ ၀န်းကျင် မြင့်တက်လာ

မြန်မာပြည်တွင်းရွှေစျေး တစ်ကျပ်သားကို ကျပ် ၁၉၄၅၀၀၀ ထိစျေးမြင့်ခဲ့ပြီး တစ်ရက်အတွင်း ကျပ်လေးသောင်းခွဲ ၀န်းကျင် မြင့်တက်ခဲ့ပါတယ်။

ကမ္ဘာ့ရွှေစျေးနဲ့အတူ ပြည်တွင်းရွှေစျေး တစ်ရက်အတွင်း ကျပ်လေးသောင်းခွဲ ၀န်းကျင်မြင့်တက်လာတာပါ။

ဖေဖော်၀ါရီ ၂၃ ရက် မနေ့က ပြည်တွင်းရွှေစျေးဟာ တစ်ကျပ်သားကို  ၁၉၀၁၅၀၀ ကျပ်နဲ့ စျေးပိတ်ခဲ့ပြီး  ဒီနေ့မနက်ပိုင်းမှာ ကျပ်၁၉၁၈၅၀၀ ကျပ်နဲ့ စျေးဖွင့်ခဲ့ပါတယ်။ အခုညနေပိုင်းမှာတော့ တစ်ကျပ်သားကို ကျပ် ၁၉၃၆၀၀၀ ထိစျေးမြင့်ခဲ့ပြီး တစ်ရက်အတွင်း ကျပ်သုံးသောင်းခွဲ ၀န်းကျင် မြင့်တက်လာပါတယ်။

ကမ္ဘာ့ရွှေစျေးကလည်း မနေ့က တစ်အောင်စကို ၁၈၉၅ ဒေါ်လာနဲ့ စျေးပိတ်ခဲ့ပြီး၊ ဒီနေ့ညနေပိုင်းမှာ  တစ် အောင်စကို  ၁၉၅၀ ဒေါ်လာထိ မြင့်တက်လာပါတယ်။ တစ်ရက်အတွင်း ကမ္ဘာ့ရွှေစျေး တစ်အောင်စကို ၅၅ ဒေါ်လာ မြင့်တက်ခဲ့တာပါ။

ယူကရိန်း−ရုရှားအကြား စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံတကာစျေးကွက်မှာ ရွှေစျေးက အမြင့်ဆုံးကို ထိုးတက် လာပြီး မြန်မာရွှေစျေးလည်း လိုက်ပါမြင့်တက်လာတာပါ။

ပြည်တွင်းရွှေဈေးဟာလည်း စစ်အာဏာသိမ်းပြီးကတည်းက တရိပ်ရိပ်မြင့်တက်လာခဲ့ပြီး အခုအချိန်အထိ ဈေးနှုန်း တည်ငြိမ်မှုမရှိသေးပါဘူး။

1 min Ago
Up