close

ကျမ်းသစ္စာ ကျိန်ဆို

close

July 21, 2022

သီရိလင်္ကာသမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆို

သီရိလင်္ကာနိုင်ငံရဲ့သမ္မတသစ်အဖြစ် ရာနေးလ် ဝစ်ကရာမက်ဆင်းဂ်ဟာ ဇူလိုင် ၂၁ ရက် ဒီကနေ့ နိုင်ငံတော် တရားသူကြီးချုပ်ရှေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ဇူလိုင် ၂၀ ရက်က သီရိလင်္ကာလွှတ်တော်တွင်း မဲပေးရွေးချယ်ရာမှာ ပါလီမန်အမတ် ၂၂၅ ဦး ထဲက ၁၃၄ မဲနဲ့  ဝစ်ကရာမက်ဆင်းဂ်က အနိုင်ရခဲ့ပြီးနောက်မှာ နိုင်ငံကနေ ထွက်ပြေးသွားတဲ့ ဂိုတာဘာယာ ရာဂျာပက်ဆာနေရာမှာ ဆက်ခံသူ ဖြစ်လာပါတယ်။ 

ရွေးကောက်ခံ သမ္မတသစ်ကို သတင်းထောက်တွေက ရာဂျာပက်ဆာနဲ့မိတ်ဆွေတွေလားလို့ မေးမြန်းခဲ့တဲ့အပေါ် သူဟာ ဩဇာညောင်းတဲ့ ရာဂျာပက်ဆာ မိသားစုကို အမြဲတမ်း ဆန့်ကျင်ခဲ့ကြောင်းနဲ့ ပါတီမတူတဲ့ သမ္မတဟောင်းနဲ့ အလုပ်အတူလုပ်ခဲ့တိုင်း မိတ်ဆွေလို့ မဆိုလိုကြောင်း သတင်းထောက်တွေကို တုံ့ပြန်ပြောကြားသွားပါတယ်။ 

ဝန်ကြီးချုပ်သက်တမ်း ၆ ကြိမ်ရှိခဲ့ဖူးတဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ဝစ်ကရာ မက်ဆင်းဂ်က သူဟာ ပြည်သူတွေရဲ့မိတ်ဆွေဖြစ်ပြီး ဆယ်စုနှစ်တွေ ချီနေတဲ့ တိုင်းပြည်ရဲ့ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းအတွက် ထွက်ပေါက်ရဖို့ နည်းလမ်း ရှာမှာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

လူဦးရေ ၂၂ သန်းရှိတဲ့ နိုင်ငံဟာ ဆိုးရွားတဲ့ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ပြိုလဲခဲ့ရပြီး လောင်စာဆီ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေ ပြတ်လပ်သွားတဲ့အထိ ဖြစ်စေပြီး နိုင်ငံခြားငွေ ရှားပါးမှုလည်း ဖြစ်ခဲ့ရပါတယ်။

Photo- Reuters

11 mins Ago

March 1, 2020

မလေးရှားဝန်ကြီးချုပ်သစ် ယက်ဆင် ကျမ်းသစ္စာ ကျိန်ဆို

မလေးရှားအမျိုးသားရေးဝါဒီ နိုင်ငံရေးသမား မူဟစ်ဒင်ယက်ဆင်ဟာ  မလေးရှားနိုင်ငံ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ပါမယ့်အကြောင်း မတ် ၁ ရက် တနင်္ဂနွေနေ့က မလေးရှား ဘုရင်ရဲ့ ရှေ့မှောက်မှာပဲ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါတယ်။  မလေးရှားဘုရင် ဆူလ်တန်အဗ္ဗဒူလ်လာ  ဆူလ်တန်အာမဒ်ရှားဟာ အသက် ၉၄ နှစ် အရွယ်ရှိ ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမဒ်ရဲ့နေရာမှာ  အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်နေတဲ့ ယခင်အာဏာရပါတီကနေ ကျောထောက်နောက်ခံပေးထားတဲ့ အသက် ၇၂ နှစ်အရွယ်  မူဟစ်ဒင်ကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခန့်အပ် တာဝန်ပေးလိုက်တာပါ။   မဟာသီယာ ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ပြီးနောက် အာဏာတည်မြဲရေးအတွက် ဆူပူအုံကြွလှုပ်ရှားမှုတွေ သီတင်း တပတ်ကြာလောက် ပေါ်ပေါက်ခဲ့ပါတယ်။  ဒါပေမဲ့ မလေးရှားနိုင်ငံရေးကို ဆယ်စုနှစ်ချီ စိုးမိုးခြယ်လှယ်နေတယ်ဆိုတဲ့  ဝေဖန်ပြစ်တင်မှုတွေ ပေါ်ပေါက်လာပြီးနောက်မှာတော့ မဟာသီယာဟာ ဘေးထွက်ထိုင်နေရပြီလို့ သတင်းတွေမှာ ရေးပါတယ်။  မဟာသီယာက မူဟစ်ဒင်ရဲ့ ထောက်ခံအင်အားကို စိန်ခေါ်တဲ့အနေနဲ့ လွှတ်တော်ထဲမှာ မဲဆွယ်စည်းရုံးဖို့ လုပ်ဆောင်ခဲ့ပေမယ့် သူ အနိုင်မရနိုင်ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။  ဝန်ကြီးချုပ်ဟောင်း မဟာသီယာဟာ  အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး စီမံချက်မှာ နှစ်ပေါင်း ၆၀ လောက် အာဏာရပါတီဖြစ်တဲ့ United Malay nationals Organization (UNMO) ပါတီကို ဖြုတ်ချဖို့ သူ့ရဲ့ပြိုင်ဘက် အသက် ၇၂ နှစ်အရွယ် အန်နဝါအီဘရာဟင်နဲ့ ပူးပေါင်းလိုက်ပြီး နောက် ၂ နှစ်မပြည့်ခင်မှာပဲ ခုလို ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်လာတာပါ။
2 years Ago
Up