close

ကျားပေါက်လက်ရာ Doodle Art အိတ်

close

November 10, 2021

ထန်တလန်အတွက် ကျားပေါက်လက်ရာ Doodle Art အိတ် ၉ လုံးရောင်းရငွေ ကန်ဒေါ်လာ ၂ သောင်းကျော်ရရှိ

ထန်တလန်မြို့လေးအတွက် အဆိုတော် ဟန်ထူးလွင်(ခ)ကျားပေါက်ရဲ့ Doodle Art ဖန်တီးမှုနဲ့ အိတ် ၉ လုံးကို အိတ်ပိတ်တင်ဒါပုံစံနဲ့ ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၂ သောင်းကျော် ရရှိခဲ့ပါတယ်။

Print ထုတ်ထားတာ မဟုတ်ဘဲ ကျားပေါက်ကိုယ်တိုင် လက်နဲ့ ရေးဆွဲထားတဲ့ အိတ်တွေကိုတော့ တလုံးကို ကြမ်းခင်းစျေး အမေရိကန်ဒေါ်လာ ၅၀၀ သတ်မှတ်ခဲ့ပြီး မိမိပေးလိုတဲ့ အမြင့်ဆုံး စျေးနှုန်းကို အိတ်နံပါတ်နဲ့အတူ အမြင့်ဆုံးပေးဝယ်ယူသူတွေကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဝယ်ယူသူတွေဟာ အိတ် ၁ လုံးကို ဒေါ်လာ ၁၀၀၀ ကနေ ၃၃၀၀ ကျော်ထိ အမြင့်ဆုံးဈေး ပေးဝယ်ယူခဲ့ကြတာကို တွေ့ရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ တထောင့်တနေရာက ပါဝင်နေတဲ့ ကျားပေါက်ဟာ သိပ်မကြာခင်တုန်းကလည်း Doodle Art ဖန်တီးမှုနဲ့ Ukulele ဂစ်တာတ လက်ကို နွေဦးတော်လှန်ရေးအတွက် လေလံတင်ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၂၇,၅၀၀ နဲ့ အမြင့်ဆုံး လေလံအောင်သွားခဲ့ပါတယ်။

2 mins Ago
Up