close

ကျားရွာ

close

April 30, 2022

ရွှေဘိုမြို့နယ်၌ အိမ်ခြေ ၁၅၀၀ ကျော်ရှိသည့် ကျားရွာကို စစ်ကောင်စီတပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ  အိမ်ခြေ ၁၅၀၀ ကျော်ရှိတဲ့ ကျားရွာကို စစ်ကောင်စီတပ်က ဧပြီ ၂၉ ရက် ညနေ ၅ နာရီလောက်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေကတော့ စစ်ကောင်စီစစ်ကြောင်း ကျားရွာကို မရောက်ခင် တရက်ကြိုတင်ပြီး ဘေးလွတ်ရာ တိမ်းရှောင်နေကြတယ်လို့ ကျားရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကျားရွာနေသူ တဦးက  “ရွာကို လေးဘက်လေးတန်က ကွက်ကြား မီးရှို့နေတာ။ အနားမကပ်ရဲဘူး။ သူတို့က မထင်ရင် မထင်သလို မီးရှို့တာပဲ။ ခန့်မှန်းပြောရမယ်ဆိုရင် တရွာလုံးလောင်မယ်ထင်တယ်။ သူတို့ ရွာထဲကကို မထွက်ကြသေးဘူး ”လို့ ပြောပါတယ်။

စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဧပြီ ၂၇ ရက် သတင်းစာရှင်းလင်းပွဲမှာ စစ်ကိုင်းကို အထူးကြပ်မတ်ထိန်းချုပ်သွားမယ်လို့ ပြောကြားပြီး ဧပြီ ၂၈ ရက်ညနေပိုင်းမှာ စစ်ကိုင်းကို စစ်ကား ၆၀ ကျော် ဝင်ရောက်ခဲ့တယ်လို့ စစ်ကိုင်းဒေသခံ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ဝင်ရောက်လားပြီးနောက်ပိုင်း ဧပြီ ၂၉ ရက်က စလို့ ရွှေဘိုက ကျားရွာကို မီးရှို့ခဲ့သလို အိမ် ၇၀၀ လောက်ရှိတဲ့ မြင်းမူက ကံတော်ရွာကိုလည်း မီးရှို့ခဲ့တဲ့အပြင် ရွာသား ၂ ဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အလားတူ တန့်ဆည်မြို့နယ် ရေဦး-တန့်ဆည်-ကလေး၀ ကားလမ်းပေါ်က တောဂျင်ရွာကိုလည်း ဧပြီလ ၂၉ ရက် ညနေ ၃ နာရီလောက်က စစ်ကောင်စီတပ်က ပစ်ခတ်ဝင်ရောက်လာပြီးနောက် နေအိမ်တွေကို မီးရှို့ခံနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

1 min Ago
Up