close

ကျားသစ်နက်စစ်ကြောင်း

close

March 29, 2023

သင်္ဃန်းညီနောင်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သည့် မှတ်တမ်း (ရုပ်သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့က သင်္ဃန်းညီနောင်ရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၄ က ထုတ်လွှင့်ထားပါတယ်။

ကေအန်ယူ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန်နဲ့ သင်္ဃန်းညီနောင်ရဲစခန်းတို့ကို မတ် ၂၅ ရက် မနက် ၅ နာရီခွဲလောက်မှာ KNLA တပ်ဖွဲ့၊ Cobra စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းနဲ့ ဒရုန်းအဖွဲ့တွေဖြစ်တဲ့ Federal Wings၊ Golden Eagle၊ ရောင်နီတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ပွဲအတွင်းမှာတော့ ရဲတပ်ဖွဲ့ဝင် ၁၁ ယောက်သေဆုံးကာ ၈ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်တွေလည်း အများအပြား သိမ်းဆည်းရရှိခဲ့သလို တိုက်ခိုက်မှုထဲမှာ ကုန်ပစ္စည်းတွေကို စစ်ဆေးတဲ့ X-ray စက် အပါအဝင် အကောက်ခွန်ရုံးနဲ့ စီးပွားကူးသန်းရုံးတို့ မီးလောင်ပျက်စီးခဲ့ပါတယ်။

လတ်တလောမှာတော့ မတ် ၂၅ ရက်ကနေ ၂၈ ရက်အထိ တိုက်ပွဲဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ဆက်လက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။

မြဝတီ၊ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ မတ်လအတွင်း စစ်ကောင်စီတပ်နဲ့ KNU/KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူ့နေအိမ်တွေ ပျက်စီးတာတွေ ရှိနေပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကရင်ပြည်နယ်က မြဝတီကုန်သွယ်ရေးဇုန်ကို တိုက်ခိုက်တာဟာ မိုက်မဲတဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်မှာ  ပြောထားပါတယ်။

16 mins Ago

January 25, 2023

တောင်ပိုင်းစစ်ဒေသ ကျားသစ်နက်စစ်ကြောင်းကို NUG က လက်နက်တပ်ဆင်ပေး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားသစ်နက်စစ်ကြောင်းကို ဇန်နဝါရိ ၂၄ ရက် မနေ့က လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

စစ်ကြောင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီ ၂၄ ရက်၊ မနေ့က ပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဒေသခွဲ အမှတ် ၃ ရဲ့ ဒု-စစ်ဒေသမှူး စောရှားနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့က သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

အခမ်းအနားအပြီးမှာ ဒု-စစ်ဒေသမှူး စောရှားက ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကျားသစ်နက်စစ်ကြောင်းက မွမ်းမံသင်တန်းဆင်းရဲဘော်တွေကလည်း လက်နက်ကိုင်တွယ် ဖြုတ်တပ် တာ၊  ပစ္စတို ပစ်ခတ်စဉ်တွေ၊ အခြေခံကိုယ်ခံပညာ တိုက်ကွက်တွေ၊ Closed Quarter Battle နဲ့ SQUAD အလိုက် လှုပ်ရှားမှုပစ်ခတ်စဉ်တွေ၊ လက်နက်အရှည်အသုံးပြုပြီး ရွေ့လျားပစ်ခတ်စဉ်တွေ၊ VIP ကာကွယ်မှု သက်တော်စောင့်တွေရဲ့ ဗျူဟာတွေ စတာတွေကို သရုပ်ပြခဲ့ကြသလို ပြည်ထောင်စု ဝန်ကြီးချုပ်က ဂုဏ်ပြုငွေ ၁၀ သိန်းပေးပို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်ကလည်း တောင်ပိုင်းစစ်ဒေသခွဲ အမှတ် ၃ မှာရှိတဲ့ ဒေါနစစ်ကြောင်းရဲ့ မွမ်းမံသတင်တန်းဆင်းပွဲကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝန်းခိုင်သန်း တက်ရောက်ခဲ့ပြီး လက်နက်တွေ ပေးအပ်ခဲ့ပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီအကြောင်းကို သီးခြား သတင်းထုတ်ပြန်တာမရှိပေမယ့် စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က “လက်တွေ့မြေပြင်မှာ အကုန်လုံး လွှမ်းခြုံမနိုင်သေးသေည်ငြား တခြားနေရာတွေမှာလည်း အင်နဲ့အားနဲ့ ထောက်ကူဆောင်ရွက် တပ်ဆင်လျက် ရှိပါတယ်။ သတင်းထုတ်ပြန်မှု အကန့်အသတ်အရ နေရာဒေသတချို့ကိုသာ တပ်ဆင်ပေးနေကြောင်း အသိပေးနေရပါတယ်” လို့ သူ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် ပြောဆိုထားပါတယ်။

2 months Ago
Up