close

ကျား၊ မ

close

November 17, 2021

အီရန်အမျိုးသမီးအသင်း ဂိုးသမားကို ကျား၊ မ စစ်ဆေးပေးရန် ဂျော်ဒန်အသင်း တောင်းဆို

အမျိုးသားတစ်ဦးလို ဖြစ်နေတဲ့ အီရန်အမျိုးသမီးဂိုးသမားကို ကျား၊ မ စစ်ဆေးပေးဖို့ ဂျောဒန်ဘောလုံးအဖွဲ့ချုပ်က တောင်းဆိုထားပါတယ်။ 

အီရန်နဲ့ ဂျော်ဒန်အမျိုးသမီးအသင်းတို့ဟာ ပြီးခဲ့တဲ့စက်တင်ဘာလက အာရှအမျိုးသမီးခြေစစ်ပွဲ ကစားခဲ့ပြီး အီရန်က ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ခြေစစ်ပွဲ အောင်သွားခဲ့တာပါ။ 

ပင်နယ်တီအဆုံးအဖြတ်မှာ ပင်နယ်တီ ၂ ကြိမ်ကို ကာကွယ်ခဲ့တဲ့ အီရန်ဂိုးသမားဟာ အမျိုးသားတစ်ဦးပုံစံ ရှိတာကြောင့် ကျား၊ မ စစ်ဆေးပေးဖို့ ဂျော်ဒန်ဘက်က အာရှဘောလုံး အဖွဲ့ချုပ်ကို တောင်းဆိုခဲ့တာပါ။ 

အသက် ၃၂ နှစ်ရှိ အီရန်အမျိုးသမီးအသင်းဂိုးသမား ဇော့ရက်ချ် ကူဒီယာအီကို ကျား၊ မ စစ်ဆေးပေးဖို့ တောင်းဆိုတဲ့အပေါ် အီရန်အသင်းဆရာဝန်က စိုးရိမ်စရာမလိုကြောင်း မှတ်ချက်ပေးခဲ့ပြီး အီရန်အသင်းမန်နေဂျာကလည်း ရှုံးနိမ့်မှုအပေါ် ဆင်ခြေပေးနေတာဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ပါတယ်။ 

ဖီဖာဒုတိယဥက္ကဋ္ဌဟောင်းဖြစ်သူ ဂျော်ဒန်အိမ်ရှေ့မင်းသား အလီကတော့ အမျိုးသားဖြစ်နေမယ်ဆိုရင် အလွန်စိုးရိမ်စရာကောင်းပြီး အမြန်ဆုံးစစ်ဆေးပေးဖို့ တောင်းဆိုကြောင်း ပြောပါတယ်။ 

အာရှဘောလုံး အဖွဲ့ချုပ်ဘက်ကတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး မှတ်ချက်တစ်စုံတစ်ရာ မပေးလိုကြောင်း ပြောထားပါတယ်။

2 mins Ago
Up