close

ကျိုက်ထိုမြို့နယ်တိုက်ပွဲ

close

November 15, 2021

ကျိုက်ထိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၆ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကမ်းနီးကျေးရွာအနီးမှာ နိုဝင်ဘာ ၁၄ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ (၁) နဲ့ စစ်ကောင်စီတပ်တွေအကြား  တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  ကေအန်ယူတာဝန်ရှိသူတဦးက  ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်မ ၂၂ လက်အောက်ခံ တပ်ရင်းတွေ ဖြစ်တဲ့ ခမရ ၄၀၂၊ ၄၀၃၊ ၄၀၄ ပူးပေါင်းအဖွဲ့က နယ်မြေကျော်ပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာလို့ နှစ်ဖက် ထိပ်တွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

တစ်နာရီနီးပါးအကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာတော့  စစ်ကောင်စီဘက်က ၆ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကာ KNLA တပ်တွေ ထိခိုက်ဒဏ်ရာ ရတာမရှိဘူးလို့ ကေအန်ယူ လက်အောက်ခံ  KNLA တပ်မဟာ (၁) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် အနီးနားကျေးရွာတွေက ဒေသခံ ၁၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

KNLA တပ်မဟာ (၁) ထိန်းချုပ်နယ်မြေအတွင်းမှာတော့ စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့တာ၊ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုပြုလုပ်လာဖို့ နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၁ တပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း ၄၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၉၅ ယောက် သေဆုံးခဲ့ကာ အယောက်  ၈၀ ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအန်ယူက  ထုတ်ပြန်ထားပါတယ်။

55 seconds Ago
Up