close

ကျိုက်မရောထောင်

close

May 3, 2023

ကျိုက်မရောထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၆ ဦးနှင့် သထုံထောင်မှ ၆ ဦး လွတ်‌မြောက်

မွန်ပြည်နယ်ရှိ အကျဥ်းထောင်တွေကနေ ဒီနေ့ မေ ၃ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၃၂ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ ထောင်အာဏာပိုင်တွေနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

ကျိုက်မရောအကျဉ်းထောင်မှ အကျဉ်းသား ၅ ဦး၊ အကျဉ်းသူ ၂၁ ဦး၊ သထုံအကျဉ်းထောင်မှ အကျဉ်းသား ၆ ဦး၊ စုစုပေါင်း ၃၂ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာ နိုင်ငံရေးအကျဥ်းသားတချို့ ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပေမဲ့ ဘယ်သူတွေပါဝင်လာသလဲဆိုတာ အတိအကျ မသိရသေးဘူးလို့ ပုဒ်မ ၅၀၅-က နဲ့ ထောင်ကျနေတဲ့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား အများစုဟာ ထောင်ဒဏ် ၃ နှစ် ကျခံရသူတွေဖြစ်ပြီး လွတ်ရက်ပြည့်တဲ့သူတွေလည်း ပါတယ်လို့ ဆိုပါတယ်။

ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၂,၁၅၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီက မေလ ၃ ရက်မှာ ထုတ်ပြန် ကြေညာထားတာပါ။

6 mins Ago

December 7, 2022

ကျိုက်မရောထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြ

မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေဟာ သေဒဏ်ပေးတာကို  ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့  ဒီဇင်ဘာ ၇ ရက် ဒီကနေ့  အစာအငတ်ခံ ဆန္ဒပြနေကြတယ်လို့  အကျဉ်းထောင်ဝန်ထမ်းထံက သိရပါတယ်။

အင်းစိန်ထောင်တွင် စစ်တရားရုံးကနေ ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ယောက်ကို သေဒဏ်ချမှတ်ထားတဲ့ အပေါ် ဆန့်ကျင်တဲ့အနေနဲ့ အစာငတ်ခံဆန္ဒပြနေကြတာပါ။ 

“သူတို့ အခုမနက် ၁၀ နာရီ ထမင်းကျွေးချိန်မှာ ထမင်းမစားတော့ဘူး၊ နိုင်ငံရေးအကျဉ်းသားတွေကို ကြိုးပေးသတ်မယ့် ကိစ္စနဲ့ပတ်သတ်ပြီးဆန့်ကျင့်ကန့်ကွက်တဲ့အတွက် ဒီနေ့ကစပြီး ဘာမှ မစားတော့ဘဲ အစာအငတ်ခံပြီး ဆန္ဒပြတာဆိုပဲ။ ထောင်ကကျွေးတဲ့ မနက်စာထမင်း မစားဖူးဆိုပြီး ငြင်းဆန်လိုက်တာ၊ ထောင်ကတော့ ဘာမှ မတုံ့ပြန်သေးဘူး၊ အခုဆန္ဒပြကြတာကတော့ တထောင်လုံးက နိုင်ငံရေးအကျဉ်းသားအားလုံးပါတယ်”လို့ ထောင်ထဲက ရေးပေးလိုက်တဲ့စာ အရ သိရပါတယ်။

စစ်ကောင်စီက ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်မှာ သေဒဏ်ပေးပြီးတဲ့နောက် ကွပ်မျက်ဖို့ ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာပြည်တွင်းမှာရော နိုင်ငံတကာမှာပါ   သေဒဏ်ပေးမှု ဆန့်ကျင်ကန့်ကွက်မှုတွေကို နည်းလမ်းပေါင်းစုံနဲ့ ပြုလုပ်နေကြပါတယ်။

စစ်ကောင်စီဟာ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကိုလည်း  ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်တဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၃၀ ကျော် ရှိနေပါတယ်။

5 months Ago
Up