ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြိုနယ်၊ မိုင်းဇင်းအုပ်စု၊ ပင်းဆိုင်းရွာမှာ ဇန်နဝါရီ ၂၅ ရက်က ၄၇ ကြိမ်မြောက် ‘ဝ’တိုင်းရင်းသား ရိုးရာစုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပပါတယ်။
ပွဲတော်ကို ကျိုင်းတုံမြိုနယ်ရှိ ရွာပေါင်း ၂၉ ရွာက လူဦးရေ ၄၀၀ ဝန်းကျင် ပါဝင်ခဲ့ပြီး အာခါ၊ လားဟူ၊ ရှမ်းတိုင်းရင်းသားတွေလည်း လာရောက်ပါဝင်ကြတယ်လို့ ဒေသခံ ‘ဝ’လူငယ်တဦးက ပြောပါတယ်။
‘ဝ’တိုင်းရင်းသားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ခန့်ကစတင်ပြီး နေ လ လည်ပတ်မှု အခြေပြု ၁၂ ရာသီခွင်ပြက္ခဒိန် ZODIAC Calendar ကို အသုံးပြုကာ ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့တာဖြစ်တယ်လို့ ‘ဝ’သမိုင်းပြုစုရေးကော်မတီဝင်တဦးက ပြောပါတယ်။
တပို့တွဲလဆန်း ၁ ရက်နေ့ဟာ ‘ဝ’ရာသီခွင်ပြက္ခဒိန်အရ ‘ဝ’သက္ကရာဇ် ၂၆၂၃ စတင်တဲ့ ‘ဝ’နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းသက်တမ်း ၁၈ နှစ်ဝန်းကျင်ရှိ တပ်မတော်သား ဒုတပ်ကြပ်တစ်ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့ ဇာတိမွေးဖွားပြီး ကျိုင်းတုံမြို့နယ် စ.ခ.က (စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်) လက်အောက်ခံ ခမရ ခြေမြန်တပ်ရင်း ၅၇၄ မှာ တာဝန်ထမ်းဆောင်နေသူ ဒုတပ်ကြပ် ကျော်မိုးလင်းဟာ မတ် ၂၅ ရက်ကစပြီး CDM မှာ ပါဝင်လာခဲ့တာပါ။
၁၈ နှစ်တာကာလ စစ်မှုထမ်းခဲ့တဲ့ ရာထူးနဲ့ သက်တမ်းကို စစ်ကောင်စီ အာဏာခံလက်အောက်မှ စွန့်လွှတ်ထွက်ခွာကာ ပြည်သူလူထုနဲ့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရပါတယ်။
CDM ပြုလုပ်ခဲ့တဲ့နေ့ရက်ကို အရင်မကြေညာခဲ့ဘဲ ဘေးအန္တရာယ်ကင်းရာအရပ်ဒေသကို တိမ်းရှောင်ရောက်ရှိပြီးချိန် ဧပြီ ၃ ရက်နေ့မှ ကြေညာခဲ့တာလို့ ဆိုပါတယ်။