close

ကျီးကန်းပြင်စစ်ဆေးရေးဂိတ်

close

February 17, 2022

ကျီးကန်းပြင်စစ်ဆေးရေးဂိတ်၌ ကာလတန်ဖိုး သိန်း ၃၅၀၀ ကျော်တန်ဖိုးရှိ ရွှေချောင်းများဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ အမှတ်(၁) နယ်ခြားစောင့်တပ်ဖွဲ့ ကျီးကန်းပြင်စစ်ဆေးဂိတ်မှာ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက ကာလတန်ဖိုး သိန်း ၃၅၀၀ ကျော်တန်ဖိုးရှိ ရွှေချောင်းတွေ ဖမ်းဆီးမိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

"မောင်တောကနေ မောင်တောမြောက်ဘက်ကိုယူသွားတာ၊ မင်္ကာလို့ စစ်ဆေးရာမှာ ရွှေ ၂ ပိဿာရှိတဲ့ ရွှေချောင်း ၂၀ ဖမ်းမိတာ။" 

ရွှေချောင်းတွေနဲ့အတူ မောင်တောမြို့နယ်မြောက်ပိုင်း အောင်သပြေ​ကျေးရွာက မောင်နှမနှစ်ဦး ဖမ်းဆီးမိခဲ့ပြီး ပြင်ဖြူနယ်မြေစခန်းမှာ လက်ရှိ ထိန်းသိမ်းထားပြီး ရွှေချောင်းတွေကိုတော့ တောကျီးကန်းပြင်ဌာနချုပ်မှာ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

ရွှေအရောင်းအဝယ်လုပ်နေသူ စီးပွားရေးသမားတစ်ဦးက "မြန်မာနိုင်ငံရွှေရောင်းဝယ်ရေး အသင်းဝင်ကတ်ပြနိုင်ရင် မြန်မာပြည်မှာ ကြိုက်တဲ့နေရာ သယ်ယူခွင့်ရှိတယ်လေ။ အခုက အထောင်အထားပါလား မပါဘူးလား၊ ကယ်ရီသယ်ပေးတာလား ဆိုတာ မသိရသေးဘူး” လို ပြောပါတယ်။

ပြီးခဲ ၂၀၂၁ ခုနှစ် သြဂုတ် ၁၅ ရက်ကလည်း မောင်တောမြို့ဝင်စစ်ဆေးရေးဂိတ်မှာ ရွှေကျပ် ၃၉၀ နဲ့ ငွေသား သိန်း ၂၀၀၀ နဲ့အတူ လူ ၂ ဦးအား ဖမ်းဆီးမိခဲ့ပြီး မောင်တောမြို့မရဲစခန်းမှာ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ အမူဖွင့်လှစ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

2 mins Ago

July 14, 2020

ကျီးကန်းပြင်စစ်ဆေးရေးဂိတ်၌ ကျပ်သိန်းပေါင်း ၂၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကျီးကန်းပြင်စစ်ဆေးဂိတ်မှာ ဇူလိုင် ၁၂ ရက် မနက် ၁၀ နာရီကျော်က အောင်သပြေကျေးရွာကို သွားတဲ့ မော်တော်ယာဉ်တစ်စီးပေါ်ကနေ ငွေကျပ် ၂၇၃,၂၂၀,၀၀၀ ကျော်တန်ဖိုးရှိ WY နဲ့ R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၃၆,၆၁၀ ပြား ဖမ်းဆီးရမိပါတယ်။ ကျီးကန်းပြင်စစ်ဆေးဂိတ်မှ တာဝန်ရှိသူတစ်ဦးက “မူးယစ်ဆေး အထုပ်ကြီး ၁၃ ထုပ်ကို ကားရဲ့နောက်ခန်း ကူရှင်နောက်ကျောအိတ်မှာ သိုဝှက်လာတာဗျ။ လူပါ ဖမ်းမိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ မူးယစ်ဆေးတွေနဲ့အတူ လက်ဝယ်တွေ့ရှိသူ မောင်တောမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာမှ နေဇာလင်း ( ၁၉ နှစ်) ကို  ပြင်ဖြူနယ်မြေစခန်းမှာ မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်ကလည်း  ကြိမ်ချောင်းကျေးရွာရှိနေအိမ်တစ်အိမ်မှာ ကျပ်သိန်းပေါင်း ၁၃၄၉၀ တန်ဖိုးရှိ မူးယစ်ဆေးတွေဖမ်းမိခဲ့ပါတယ်။ ဇွန်လ ၃၀ ရက်ကလည်း  သီဟိုဠ်ခြံ ရဲကင်းစစ်ဆေးရေးဂိတ်မှာ အငူမော်မှ ငါးခူရကျေးရွာသို့သွားတဲ့ မော်တော်ကား တစ်စီး ပေါ်ကနေ စိတ်ကြွဆေးပြား ၅၇၉၅၀၀ ပြားနဲ့အတူ လူ ၃ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ လင်းလက်
2 years Ago
Up