close

ကျီးကုန်းရွာ

close

September 23, 2021

တန့်ဆည်မြို့နယ်၊ ကျီးကုန်းရွာကို စစ်ကောင်စီတပ်များဝင်ရောက် မီးရှို့

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျီးကုန်းကျေးရွာကို စက်တင်ဘာ ၂၃ ရက် မနက် ၉ နာရီလောက်မှာ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ဝင်ရောက်စီးနင်းပြီး မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဲဒီရွာမှာ ညက ပစ်ခတ်မှုဖြစ်တယ်။ ဒါကြောင့် ဒီနေ့မနက် ရဲနဲ့စစ်သားတွေရောက်လာပြီး မီးရှို့တာတွေလုပ်နေတယ်။ဘာတွေ ဘယ်လိုရှို့နေတယ်တိုတာတော့မသိရဘူး၊သ သူတို့ရောက်လာပြီးမှ ရွာပေါ်မှာ မီးခိုးလုံးတွေနက်လာတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကျီးကုန်းရွာဟာ တန့်ဆည်မြို့ရဲ့အနောက်တောင်ဘက် ရေဦးမြို့နယ်စပ်မှာရှိပြီး၊ မနေ့ညက ပျူစောထီးလို့ ဒေသတွင်းနာမည်ကြီးသူ ဦးရဲမြင့်ရဲ့အိမ်မှာ အဖွဲ့အစည်းတခုနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပြီး နောက် ဒီနေ့မနက်ပိုင်းမှာ စစ်အင်အား အလုံးအရင်းနဲ့ လာရောက် မီးရှို့တာလို့ ဆိုပါတယ်။

ညက အပြန်အလှန်ပစ်ခတ်မှုမှာ နှစ်ဖက် ထိခိုက်ဒဏ်ရာရမှုအခြေအနေကို မသိရသေးပါဘူး။

47 seconds Ago
Up