ရုရှားစစ်ရေးကျူးကျော်မှုကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခုခံနေတဲ့ ယူကရိန်းပြည်သူတွေနဲ့ တသားတည်း ရှိကြောင်းပြသတဲ့အနေနဲ့ လန်ဒန်မြို့မှာ လူ ၄၃၀၀ ကျော်က ဆန္ဒပြခဲ့ကြပါတယ်။
စစ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့အတူ ယူကရိန်းနိုင်ငံတော်သီချင်းကို ဆိုခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ တခြားမြို့ကြီးတွေမှာလည်း ယူကရိန်းကို ထောက်ခံမှုတွေ ပြသခဲ့တာပါ။
ရုရှားကျူးကျော်စစ်ပွဲကို ဆန့်ကျင်ဆန္ဒပြမှုတွေက ဥရောပနိုင်ငံတွေမှာတင် မဟုတ်ဘဲ ရုရှားနိုင်ငံတွင်းမှာလည်း ပြုလုပ်နေကြပါတယ်။