close

ကျူးကျော်စစ် ဆန့်ကျင်ရေး

close

February 28, 2022

ရုရှား၌ ကျူးကျော်စစ် ဆန့်ကျင်ရေးဆန္ဒပြသူ ၉၀၀ ကျော် အဖမ်းခံရ

ရုရှားနိုင်ငံ မြို့ကြီး ၄၄ မြို့မှာ   ယူကရိန်းကိုကျူးကျော်မှု စစ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ  ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့ရာမှာ  လူ ၉၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ 

ဆန္ဒပြပွဲက ရုရှားနိုင်ငံရေးအတိုက်အခံခေါင်းဆောင် ဘောရစ်နမ်ဆော့ဗ် လုပ်ကြံသတ်ဖြတ်ခံရတဲ့ ၇ နှစ်ပြည့်နေ့နဲ့လည်း တိုက်ဆိုင်နေတာပါ။ 

နမ်ဆော့ဗ်က ၂၀၁၄ ခုနှစ် ခရိုင်းမီးယားဒေသကို ရုရှားတို့ ဝင်ရောက်သိမ်းပိုက်မှုနဲ့ပတ်သက်ပြီး သမ္မတပူတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူပါ။ 

မနေ့က ဆန္ဒပြသူတွေဟာ နမ့်ဆော့ဗ် ပစ်သတ်ခံရတဲ့ ကရင်မလင်ရင်ပြင် အပြင်ဘက်မှာ အောက်မေ့ပွဲ အခမ်းအနားလုပ်ခဲ့ပြီး ယူကရိန်းနိုင်ငံထဲ ဝင်ရောက်တိုက်ခိုက်မှုကို ကန့်ကွက်ခဲ့ပါတယ်။

ရုရှားစစ်တပ်တွေရဲ့ ယူကရိန်းနိုင်ငံထဲ ဝင်ရောက်ကျူးကျော် တိုက်ခိုက်မှုကို မနေ့က ဥရောပနိုင်ငံ အတော်များများမှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

2 mins Ago
Up