close

ကျူးဘားနိုင်ငံသား

close

March 10, 2022

အမေရိကန်သွားမည့် ကျူးဘားနိုင်ငံသားများ ဗီဇာရရေး ပနားမားသံရုံးရှေ့ ဆန္ဒပြ

ကျူးဘားနိုင်ငံ ဟာဗားနားမြို့ရှိ ပနားမားနိုင်ငံသံရုံးရှေ့မှာ ဗီဇာရရှိဖို့အတွက် မတ် ၉ ရက်နေ့က လူ ၅၀၀ ကျော် စုဝေးဆန္ဒပြခဲ့ပါတယ်။
အမေရိကန်မှာ သွားရောက်အလုပ်လုပ်မယ့် ကျူးဘားအလုပ်သမားတွေဟာ ဗဟိုအမေရိကနိုင်ငံ ပနားမားကို ဖြတ်ဖို့ ဝင်ခွင့်ဗီဇာ လိုအပ်နေတာပါ။
ဆန္ဒပြသူအများစုက အမေရိကကိုသွားဖို့ လေယာဉ်လက်မှတ်တွေ ဝယ်ထားပြီးဖြစ်ပေမဲ့ ပနားမားလေဆိပ်ကို transit ဖြတ်ဖို့ ဝင်ခွင့်ဗီဇာ စောင့်နေကြရတာပါ။
ပတ်စပို့တွေ လေယာဉ်လက်မှတ်တွေ ကိုင်ထားတဲ့ လူအုပ်က ပနားမားသံရုံးရဲ့ နှောင့်နှေးကြန့်ကြာမှုတွေကို ဒေါသထွက်နေတာပါ။
ပနားမားသံရုံးဘက်ကတော့ သူတို့နိုင်ငံ ဝင်ခွင့်ရဖို့ အချက်အလက်တွေ လိုသေးတယ်လို့ ပြောပါတယ်။
မက္ကဆီကိုနဲ့ အမေရိကန်ပြည်ထောင်စုကို သွားရောက်မယ့် ကျူးဘားနိုင်ငံသားတွေ အနေနဲ့ လက်တင်အမေရိကနိုင်ငံ တနိုင်ငံကို ကြားခံ ဖြတ်သန်းရမှာပါ။
မနှစ်က အောက်တိုဘာမှာ နီကာရာဂွါနိုင်ငံက ကျူးဘားတွေကို ဗီဇာထုတ်ပေးဖို့ ပိတ်ပင်ထားခဲ့တာကြောင့် ပနားမားသံရုံးရှေ့မှာ ပြုံတိုး တန်းစီနေကြတာပါ။

3 mins Ago
Up