close

ကျူးဘားပြည်သူ

close

July 23, 2021

ကျူးဘားပြည်သူများ လွတ်လပ်ရေး အလွန်လိုချင်နေပြီဟု ဘရာဇီးသမ္မတပြော

ကျူးဘားပြည်သူတွေဟာ လွတ်လပ်ရေးကို အသေအလဲ လိုချင်နေကြပြီလို့ ဘရာဇီးသမ္မတ ဂျာအစ် ဘိုလ်ဆိုနာရို က ဇူလိုင် ၂၂ ရက် ညနေခင်း တိုက်ရိုက်အသံလွှင့်မိန့်ခွန်းမှာ ပြောကြားသွားပြီး ကျူးဘားဆန္ဒပြသူတွေအပေါ် ထောက်ခံမှုကိုလည်း လူသိရှင်ကြား ပြောဆိုလိုက်ပါတယ်။

ဆယ်စုနှစ်အတွင်း အကြီးမားဆုံး အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ကျူးဘားပြည်သူ ထောင်နဲ့ချီပြီး ပူးပေါင်းပါဝင်ခဲ့ပြီးတော့ ဇူလိုင် ၁၁ ရက်က ဟာဗားနားကနေ ဆန်တီရာဂို အထိ  လမ်းပေါ်ထွက် ဆန္ဒပြမှုတွေမှာ  လွတ်လပ်ရေးကို ကြွေးကြော်ပြီး သမ္မတ မီဂဲလ်ဒီအက်ဇ်ခန်နဲလ်  ရာထူးမှနုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ကျူးဘားဆန္ဒပြပွဲတွေဟာ ကျူးဘားပြည်သူတွေအတွက် ကိစ္စကြီးဖြစ်ပြီး လူတွေရဲ့ စိတ်ဝိဉာဉ်နဲ့တူတဲ့ အောက်ဆီဂျင်လိုမျိုး လွတ်လပ်မှုကိုသာမက ဆေးဝါး၊ အစားအစာနဲ့ စွမ်းအင်တွေကိုလည်း တောင်းဆိုနေကြတာလို့ ဘရာဇီးသမ္မတက ပြောပါတယ်။

ကျူးဘားရဲ့စွမ်းအင်တွေဟာ ဗင်နီဇွဲလားကနေ ကျူးဘားအထိ ရုပ်ကြွင်းလောင်စာတွေနဲ့ ရေနံတွေကနေ လာတာဖြစ်ပြီး အခု ကျူးဘားဟာ စွမ်းအင်ကင်းမဲ့နေပြီလို့လည်း ဆိုပါတယ်။

လူတွေ လမ်းပေါ်ထွက်နေကြပြီး ကျူးဘာပြည်သူတွေ အထူးသဖြင့် လူငယ်တွေဟာ လွတ်လပ်ရေးကို အသေအလဲ တောင်းဆိုနေကြကာ ဒီဘရာဇီးမှာလည်း သူတို့လွတ်လပ်ရေး ဆုံးရှုံးမှာစိုးလို့ လုပ်နိုင်သလောက် လုပ်နေကြတဲ့ လူတွေ ရှိနေတယ်လို့ ပြောသွားတာပါ။

သမ္မတ ဘိုလ်ဆိုနာရိုဟာ ဘရာဇီးရဲ့ ၂၀၂၂ မဲရလဒ်အပေါ် စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း သန့်ရှင်းတဲ့ရွေးကောက်ပွဲတွေရဲ့ရလဒ်ကို လေးစားပေးမှာဖြစ်တယ်လို့ အသံလွှင့်နေချိန်အတွင်းမှာ ပြောကြားသွားပါတယ်။ 

ဝေဖန်သူတွေကတော့ အမေရိကန်သမ္မတဟောင်း ဒေါ်နလ်ထရမ့်ကို လေးစားအားကျတဲ့ ဘိုလ်ဆိုနာရိုဟာ သူ့အတွက် ဘယ်လိုအရှုံးကိုမှ လက်ခံမှာမဟုတ်ဘဲ သူ့လမ်းရှင်းဖို့အတွက် ရွေးကောက်ပွဲသံသယတွေကို ပျိုးနေတယ်လို့ စွပ်စွဲနေကြပါတယ်။ 

7 mins Ago
Up