close

ကျောက်ခဲတက်ကျေးရွာ

close

July 17, 2021

မင်းကင်းတွင် ပျူစောထီးအဖွဲ့က ကျေးရွာနေအိမ်များသို့ဝင်ရောက်ပြီး ပစ္စည်းများယူဆောင်

မင်းကင်းမြို့နယ် ကျောက်ခဲတက်ကျေးရွာမှာ ပျူစောထီး အမည်ခံထားတဲ့သူတွေက နေအိမ်တွေအတွင်း ဝင်ရောက်ကာ ပစ္စည်းတွေယူဆောင်ပြီး အမျိုးသမီးတစ်ဦးကိုလည်း သေနတ်ဒင်နဲ့ ရိုက်နှက်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

ရွာသားတဦးက “ကျနော်တို့ရွာကို မနေ့ည ၁၂ နာရီဝန်းကျင်က ရွာထဲကို ဆိုင်ကယ် ၈ စီးနဲ့ ဝင်လာတယ်။ ရွာသားအချို့က စစ်သားတွေ လာတာမှတ်လို့ ထွက်ပြေးကြတာရရှိတယ်။ အချို့ရွာသား‌တွေက ထွက်မပြေးကြဘူး။ ကျနော်တို့ သေချာကြည့်လိုက်တော့ ကိုယ့်ရွာကပျူစောထီးအမည်ခံထား တဲ့ သူ ၈‌ ယောက်ဖြစ်‌နေတယ်‌။ အရင်တုန်း ဒီကောင်တွေ ရွာထဲဝင်ရင် မျက်နှာဖုံးတွေ စွပ်ထားကြတာ။ အခုဟာကတော့ ဒီကောင်တွေ  မူးလာပြီး ဘာမျက်နှာဖုံးစွပ်မှ ဝတ်မထားတော့ ကိုယ်ရွာသားတွေဆိုတာ သိလိုက်ရတယ်ဗျာ။ ဒီကောင်တွေ မနေညက ကျေးရွာထဲက ဘထ္ထရီအိုးတွေနဲ့ ဈေးဆိုင်တွေက ဈေးကုန်ပစ္စည်းတွေကို ယူသွားကြတယ်။ နောက်ပြီးတော့ မိန်းကလေးတဦးကို သေနတ်ဒင်နဲ့ ရိုက်နှက်တာတွေ လုပ်ခဲ့တယ်။ အဲ ကောင်မလေး ဒီနေမနက်မထနိုင်ဘူး၊ ဒဏ်ရာက ပြင်းတယ်” လို့ ပြောပါတယ်။

မင်ကင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက နယ်မြေခံ ကြံ့ခိုင်ရေးပါတီဝင်တွေကို စစ်သင်တန်းပေးပြီး သေနတ်တွေလည်း ထုတ်ပေးတာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီလို သေနတ်ထုတ်ပေးထားတဲ့ ပျူစောထီးအမည်ခံတပ်က ချင်းတွင်းမြစ်အတွင်း သွားလာနေတဲ့‌ ရေယာဉ်တွေကို ဆက်ကြေးတောင်းတာနဲ့ ကျေးရွာအတွင်း ဝင်ရောက်လုယူတာတွေ လုပ်ဆောင်နေတယ်လို့ နယ်မြေခံရွာသားတွေက ပြောပါတယ်။

16 seconds Ago
Up