close

ကျောက်စိမ်းအရိုင်းတုံး

close

June 21, 2022

ဖားကန့်-မန္တလေးလမ်းတွင် ကျောက်စိမ်းအရိုင်းတုံး၊ မိုင်းနှင့် ကျည်ဆန်များ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဖားကန့်- မန္တလေး ကားလမ်း၊ နန့်စီးအောင်ဂိတ်မှာ ဇွန် ၂၀ ရက်က  အိမ်စီးကား တစီးပေါ်ကနေ ကျောက်စိမ်းအရိုင်းတုံးတွေ၊ လက်နက်ကျည်ဆန်တွေနဲ့ မိုင်းတွေကို စစ်ကောင်စီက ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် နန့်စီးအောင်ဂိတ်မှာ မနေ့ နေ့လယ် ၁၂ နာရီလောက်က ရဲနဲ့ စစ်သားတွေက တားဆီး စစ်ဆေးဖမ်းဆီးတာဖြစ်ပါတယ်။

ကားထဲကနေ မိုင်း ၈ လုံး ကျည်ဆန်အတောင့် ၅၀၀ နဲ့အတူ  ကျောက်စိမ်းအရိုင်းတုံးတွေ ဖမ်းဆီးခံရတာဖြစ်တယ်လို့  စစ်ကောင်စီဂိတ်နဲ့ နီးစပ်တဲ့ ဒေသခံတယောက်က ပြောပါတယ်။

“ယာဉ်ကိုမောင်းနှင်လာတဲ့ ကားဆရာကို ရိုက်နှက်စစ်ဆေးတာ။ ကားဆရာကလည်းမသိဘူးတဲ့ ပစ္စည်းတွေက အင်ဂျင်ခန်းမှာ ဖွက်ထားတာ။ သူ့ကို ကားမောင်းငှားလို့ မောင်းပေးတာ ပစ္စည်းပိုင်ရှင်တော့ မပါဘူး။”

ကားပေါ်မှာ ခရီးသည်လေးယောက် လိုက်ပါလာပြီး  သူတို့ကိုလည်း တပ်မမှူးက မိုးညှင်းဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းရင်းမြစ်ကဆိုပါတယ်။

6 mins Ago

May 17, 2020

မော်ဟန်-နမ္မချီမှော် ကားလမ်းတွင် ကျောက်စိမ်းအရိုင်းတုံး ၂၂၉ ကီလိုဂရမ်ခန့် ဖမ်းမိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာရှိ နမ္မချီမှော်သွားကမ်းလမ်းမှာ မေ ၁၆ ရက်၊ ညနေ ၃ နာရီခွဲအချိန်က ကျောက်စိမ်းအရိုင်းတုံး အလေးချိန် ၂၂၉ ကီလိုဂရမ်ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းမြို့မရဲစခန်းက သိရပါတယ်။ သတင်းအရ မော်ဟန်-နမ္မချီမှော်သွား ကားလမ်း ငါးကန်ဟောင်းအနီးမှာ ကျော်သက်ဦး မောင်းနှင်ပြီး ကြည်ယု၊ ဝေဦးနဲ့ သက်အောင်ဝင်းတို့ လိုက်ပါလာတဲ့ လိုင်စင်မဲ့ကားတစီးကို ရှာဖွေခဲ့ရာမှ အလေးချိန် ၂၂၉ ကီုဂရမ်ခန့်ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံးတွေကို ဖမ်းဆီးရခဲ့မိတာပါ။ ကျောက်စိမ်းအရိုင်းတုံးတွေ သယ်ဆောင်လာကြတဲ့ ကျော်သက်ဦး အပါအဝင် ၄ ဦးကို ကျောက်မျက်ပုဒ်မ ၅၁(က) အရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ခင်သန်းညွန့်
2 years Ago
Up