close

ကျောက်ဆည်မြို့ လျှပ်စစ်ရုံး

close

September 21, 2021

ကျောက်ဆည် လျှပ်စစ်ရုံးကို KPDFက ဖောက်ခွဲ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရုံးကြီးလမ်းရှိ EPC လျှပ်စစ်ရုံးကို ကျောက်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့   စက်တင်ဘာ ၂၁ ရက် ဒီကနေ့  ထုတ်ပြန်ပါတယ်။

ကျောက်ဆည် EPC ရုံးမှာ စက်တင်ဘာ ၂၀ ရက် ည ၁၀ နာရီက  ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတာ မကြားမိဘူးလို့ ကျောက်ဆည်မြို့ခံတွေက ပြောပါတယ်။

ကျောက်ဆည်မြို့အပါအဝင် စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်တို့မှာ EPC ဝန်ထမ်းတွေဟာ မီတာခတွေကို အတင်းအကျပ် ဖိအားပေး ကောက်ခံတာ ၊ မီတာခမပေးရင် လျှပ်စစ်မီးဖြတ်တောက်မယ်ဆိုပြီး ခြိမ်းခြောက်အကျပ်ကိုင်တာတွေရှိခဲ့တယ်လို့ ကျောက်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လျှပ်စစ်မီတာ အခွန်အခတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကင်းလွတ်ခွင့်ပေးထားတဲ့အတွက် ပြည်သူတွေအနေနဲ့ လျှပ်စစ်မီတာအပါအဝင် ဘာအခွန်မှ အကြမ်းဖက်စစ်ကောင်စီကို မဆောင်ဖို့လည်း အသိပေးထားပါတယ်။

2 mins Ago
Up