close

ကျောက်ဆည်မြို့

close

September 20, 2022

ဆင်ခေါင်းတောင်အနီး အပန်းဖြေစခန်းတွင် ရေနစ်ပျောက်ဆုံးသွားသည့် အမျိုးသားအလောင်း ပြန်တွေ့

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ဆင်ခေါင်းတောင်အနီး အပန်းဖြေစခန်းတခုမှာ ရေနစ်ပျောက်ဆုံးခဲ့တဲ့ အမျိုးသားတဦးရဲ့ ရုပ်လောင်းကို စက်တင်ဘာ ၂၀ ရက်နေ့ မနက် ၁၁ နာရီက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ရေနစ်သေဆုံးသူ အမျိုးသားဟာ စက်တင်ဘာ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ရေနစ်ပျောက်ဆုံးခဲ့တာဖြစ်ပြီး ရုပ်အလောင်းကို သုံးရက်မြောက်နေ့မှာ မြို့ကြီးရေလွှဲဆည် (အဝေရာဆည်) မှာ ရှာဖွေတွေ့ရှိခဲ့တာလို့ သိရပါတယ်။

“သေဆုံးသူက လူလတ်ပိုင်းယောက်ျားလေး။ တနင်္ဂနွေနေ့က မွေးနေ့ပွဲသွားလုပ်တာ။ အဖွဲ့ထဲက ကောင်မလေးတစ်ယောက် ရေထဲအဆင်း ရေနစ်တာကို ဆင်းကယ်တာ။ သူက ရေမကူးတတ်ဘူး။ ကောင်မလေးက တနေရာကနေ ကယ်လိုက်နိုင်တယ်။ အသက်ရှင်တယ်” လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ပေးတဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) တာဝန်ရှိသူက ပြောပါတယ်။

တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းကို လူနာတင်ကားနဲ့ သယ်ဆောင်ပြီး မန္တလေးမြို့ တောင်အင်းမြောက်အင်းသုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

2 mins Ago

February 21, 2022

ကျောက်ဆည်မြို့တွင် စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်အတွင်း စစ်တပ်ရဲ့ ဝင်ငွေရလမ်းကြောင်းတစ်ခုဖြစ်တဲ့ Mytel တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့  ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် မနက် ၆ နာရီခွဲလောက်က ကျောက်ဆည်မြို့နယ်၊ ကျောက်ဆောက်ကုန်းကျေးရွာ တောင်ဘက်မှာရှိတဲ့ စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင်ကို ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က မိုင်း ၃ လုံး ခွဲပြီး ဖျက်ဆီးခဲ့တယ်လို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီ ကိုပြောပါတယ်။ 

ဒီဖောက်ခွဲမှုကို ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ K.D.D.F နဲ့ Black Wolf PDF (MDY) မဟာမိတ်ညီနောင်ပူးပေါင်းတပ်ဖွဲ့တို့ကလုပ်ဆောင်ခဲ့တာလို့လည်း ဆိုပါတယ်။

ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စစ်တပ်ပိုင်မိုင်တဲလ်ဝါတိုင် မိုင်းခွဲဖျက်ဆီးခဲ့တာ  ဒါနဲ့ဆိုရင် ၅ တိုင်ရှိပြီဖြစ်ပြီး ရှေ့ဆက်ပြီးတော့လည်း စစ်ကောင်စီ ဒေါက်တိုင်တွေကို ပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ ပြောထားပါတယ်။

7 months Ago
Up