မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့က လျှပ်စစ်ရုံးထဲမှာ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက ဗုံးတလုံး ပေါက်ကွဲပြီး ရုံးရဲ့ အစိတ်အပိုင်းတချို့ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒီကနေ့မနက် ၇ နာရီကျော်လောက်က ကျောက်ပန်တောင်း ၂၁-ပြောက်ကျား တပ်ဖွဲ့ကဦးဆောင်ပြီး အဝေးထိန်း ဗုံးတစ်လုံး ဖောက်ခွဲရာ ရုံးအစိတ်ပိုင်းတစ်ချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ကျောက်ပန်းတောင်း 21-ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ပထမဆုံးစီစဥ်တာက EPC က လူကြီးတွေနဲ့ ဝန်ထမ်းတွေစုဝေးတဲ့အချိန်မှာ ဖောက်ခွဲဖို့ စီစဥ်ခဲ့တာပါ။ ဒါပေမဲ့ သန့်ရှင်းရေးဝန်ထမ်းတွေ တွေ့သွားပြီးတော့ စစ်ကောင်စီကိုခေါ်ပြီး ရှင်းခိုင်းမယ့် အခြေနေမို့ ဒီအတိုင်းဖောက်ခွဲလိုက်ရပြီး ရုံးအစိတ်ပိုင်းတစ်ချို့ ပျက်စီးသွားတယ်။”
ဒီဖောက်ခွဲမှုကို KPG Complex UG တပ်ဖွဲ့နဲ့ ဗိဿနိုး PDF တို့က နည်းပညာပံ့ပိုးခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်ပန်းတောင်း EPC အနေနဲ့ ပြည်သူလူထုကို ဆန့်ကျင်ပြီးတော့ မီတာခ ကောက်ခံတာတွေ မီးဖြတ်တောက်တာတွေပြုလုပ်နေတာကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော့ နောက်နောင်မှာ ဒါမျိုးဆက်လုပ်နေရင်တော့ လားပင်စင်ပေးသွားမယ်လို့ပြောပါတယ်။
ပြည်သူလူထုကို ဆန့်ကျင်ကာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးပြုလုပ်နေသူတွေနဲ့ သတင်းပေး ဒလန်တွေအနေနဲ့ မိမိတို့ အသက်ခန္ဓာအတွက် အသိသတိကပ်ပြီးတော့ ရုန်းထွက်ကြဖို့ ကိုလည်း သတိပေးထားပါတယ်။
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့မှာ စစ်တပ်နဲ့ရဲရဲ့ အကြမ်းဖက်ရက်စက်စွာ ပစ်သတ်ခံလိုက်ရတဲ့ သူရဲကောင်း မောင်ကြည်စက်လှိုင်(ခ)ဘိုကြည် ၂၃ နှစ် ရဲ့ နောက်ဆုံးခရီး ဈာပနကို ဒီကနေ့ကျင်းပရာမှာ ပြည်သူလူထုအင်အား သောင်းချီ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
ဈာပနမှာ လိုက်ပါပို့ဆောင်ကြသူတွေက ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့သူတွေကို အလေးပြုတာ၊ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုကြောင့် ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို အလေးပြုတာ၊ ကျောက်ပန်းတောင်းမြို့ နွေဦးတော်လှန်ရေးမှာ ပထမဦးဆုံး ကျဆုံးသွားသော သူရဲကောင်း ကောင်းဆက်လှိုင် ကို အောက်မေ့သောအားဖြင့် ၈ စက္ကန့်ငြိမ်သက်က အလေးပြုခဲ့ကြပြီး အရေးတော်ပုံ အောင်ရမည်လို့ သံပြိုင်ကြွေးကြော် ခဲ့ကြပါတယ်။
မတ်လ ၂၄ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ကို ပြည်သူတွေက ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီးထွန်းပြီးပြုလုပ်နေစဉ် ရဲနဲ့ စစ်တပ်က အကြမ်းဖက် ပစ်ခတ်လို့ မောင်ကြည်စက်လှိုင်(ခ)ဘိုကြည် ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။