တူရကီနိုင်ငံမြောက်ပိုင်း ဘာတင်ပြည်နယ်မှာ ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲမှုကြောင့် ထိခိုက် သေဆုံးသူ ၂၈ ယောက်အထိ ရှိလာပြီလို့ ကျန်းမာရေးဝန်ကြီး ဖာ့ဟာရာတင် ကိုဂျာက အတည်ပြုပါတယ်။
တချိန်တည်းမှာ ကယ်ဆယ်ရေးသမားတွေက အောက်တိုဘာ ၁၅ ရက် စနေနေ့ အစောပိုင်းအထိ ဆက်လက်ရှာဖွေခဲ့ကြပါတယ်။
နိုင်ငံပိုင်တူရကီ Hard Coal Enterprises က ပိုင်ဆိုင်တဲ့ ဒီမိုင်းတွင်းပေါက်ကွဲမှုဟာ အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းလောက်မှာ မိုင်းတွင်းဝင်ပေါက်အောက် မီတာ ၃၀၀ (၉၈၅ ပေ) ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပါ။
ပေါက်ကွဲမှု ဖြစ်ပွားချိန်မှာ မြေအောက် မီတာ ၃၀၀ နဲ့ ၃၅၀ မီတာ အကွာမှာ လူ ၁၁၀ ဦး အလုပ်လုပ်နေခဲ့ကြပါတယ်။
မိုင်းတွင်းထဲက ကယ်ထုတ်ခဲ့ရတဲ့ ၅၈ ယောက်ထဲက ၁၁ ယောက်ကို အရေးပေါ် ကုသ ပေးနေရတယ်လို့ ကျန်းမာရေးဝန်ကြီး ကိုဂျာက အောက်တိုဘာ ၁၅ ရက်မှာ ပြောပါတယ်။
နောက်ထပ် လူဘယ်လောက် အထဲမှာ ပိတ်မိနေသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ပေါက်ကွဲမှုဟာ ကျောက်မီးသွေးတွင်းတွေမှာ ရှိတတ်တဲ့ မီးလောင်လွယ် မီသိန်း မီးခိုးငွေ့တွေ ကြောင့် ဖြစ်တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
တူရကီမှာ ၂၀၁၄ ခုနှစ်ကလည်း မြို့တော် အစ္စတန်ဘူးလ်ရဲ့ တောင်ပိုင်း နိုင်ငံအနောက်ပိုင်းက ဆိုမာ မြို့မှာ အဆိုးဆုံး မိုင်းတွင်း မတော်တဆမှု ဖြစ်ခဲ့ပြိ အလုပ်သမား ၃၀၁ ယောက် သေဆုံးခဲ့ဖူးပါတယ်။
တူရကီနိုင်ငံမြောက်ပိုင်း ဘာတင်ပြည်နယ်မှာ ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူတွေကို ကယ်ဆယ်ရေးသမားတွေက အောက်တိုဘာ ၁၅ ရက် အစောပိုင်းမှာ ရှာဖွေခဲ့ကြပါတယ်။
နိုင်ငံပိုင်တူရကီ Hard Coal Enterprises က ပိုင်ဆိုင်တဲ့ ဒီမိုင်းတွင်းပေါက်ကွဲမှုဟာ အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းလောက်က မိုင်းတွင်းဝင်ပေါက်အောက် မီတာ ၃၀၀ (၉၈၅ ပေ) ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပါ။
ပေါက်ကွဲမှု ဖြစ်ပွားချိန်မှာ မြေအောက် မီတာ ၃၀၀ နဲ့ ၃၅၀ မီတာ အကွာမှာ လူ ၄၉ ဦး အလုပ်လုပ်နေကြပြီး အဲဒါဟာ အန္တရာယ်ရှိတဲ့ဇုန် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Suleyman Soylu က ပြောကြားခဲ့ပါတယ်။
အဲဒီဇုန်ဧရိယာကနေ ကယ်ထုတ်နိုင်သူတွေလည်း ရှိ၊ မကယ်ထုတ်နိုင်သူတွေလည်း ရှိကြောင်း Soylu က ပြောပါတယ်။
စွမ်းအင်ဝန်ကြီး ဖှာတိ ဒွန်မက်ဇ်က သေဆုံးသူ ၂၅ ဦးရှိကြောင်း တွစ်တာမှာ ရေးထားပေမယ့် ပိတ်မိနေသူ ဘယ်လောက်ရှိမယ် ဆိုတာကိုတော့ မှတ်ချက်မပေးထားပါဘူး။
"ဒဏ်ရာရနေတဲ့ မိုင်းတွင်းလုပ်သားတွေကို ဆေးရုံတွေမှာ ဆက်လက်ကုသနေပါတယ်" လို့လည်း သူက ဆိုပါတယ်။
ပေါက်ကွဲမှုဟာ ကနဦးညွှန်ပြချက်တွေအရ ကျောက်မီးသွေးတွင်းတွေမှာ ရှိတတ်တဲ့ မီးလောင်လွယ် မီသိန်း မီးခိုးငွေ့တွေကြောင့်ဖြစ်တာလို့ ဒွန်မက်ဇ် က ပြောပါတယ်။
အခုတော့ မိုင်းတွင်းမှာ မီးလောင်မှုတွေ ဆက်မဖြစ်တော့ကြောင်းနဲ့ အတွင်းမှာ လေဝင်လေထွက် ကောင်းအောင် လုပ်ဆောင်နေကြောင်း၊ မိုင်းအတွင်းမှာ တစိတ်တပိုင်း ပြိုကျမှုတွေရှိကြောင်း ဒွန်မက်ဇ်က ပြောပါတယ်။